လန်ဒန်မြေအောက်ဘူတာရုံ ဓားထိုးမှုဖြစ်၍ အကြမ်းဖက်မှုအတွက် စိုးရိမ်

လန်ဒန်မြေအောက်ဘူတာရုံ ဓားထိုးမှုဖြစ်၍ အကြမ်းဖက်မှုအတွက် စိုးရိမ်

လန်ဒန်၊ ဒီဇင်ဘာ ၆ ။             ။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မြေအောက်ဘူတာတွင် ဓားထိုးမှုတစ်ရပ်ဖြစ်ပွား၍ အစွန်းရောက်တိုက်ခိုက်မှုအဖြစ် စိုးရိမ်နေရကြောင်း ရဲဌာနက ပြောသည်။

Leytonstone ဘူတာရုံတွင် ဂရင်းနစ်စံတော်ချိန် ၁၉နာရီထိုးပြီးနောက် တိုက်ခိုက်မှုဖြစ်သည့်အကြောင်း ရဲထံ တိုင်ကြားမှု ရောက်လာခဲ့ခြင်းဖြစ်သည်။

ရဲဌာနက တိုက်ခိုက်သူကို ဖမ်းဆီးရမိသည်။ လူတစ်ဦး ဓားဒဏ်ရာအပြင်းအထန်ရပြီး အခြားနှစ်ဦးလည်း အနည်းငယ်ထိခိုက်သည်။

ဖြစ်ပွားရသည့်အကြောင်းအား ရဲထောက်လှမ်းရေးက စစ်ဆေးလျက်ရှိနေသည်။

တိုက်ခိုက်သူက ဘူတာရုံအတွင်း လူများအား ဓားဖြင့်အခါခါခြိမ်းခြောက်ခဲ့ကြောင်း ရဲကပြောသည်။

"သူကိုင်ထားတဲ့ ဓားက သုံးလက်မလောက်ပဲရှိပါတယ်။ မြေမှာမှောက်လှဲခိုင်းထားတဲ့ လူတစ်ဦးကို ဓားနဲ့ ထောက်ထားတာပါ။ လူတွေက ကြောက်ပြီး ထွက်ပြေးကြတယ်။"ဟု မျက်မြင်တွေ့သူတစ်ဦးက ဘီဘီစီသို့ ပြောသည်။

ဓားထိုးမှုတွင် အပြင်းအထန် ဒဏ်ရာရခဲ့သူမှာ အသက်အန္တရာယ် စိုးရိမ်ရခြင်းမရှိကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly