ရဲကားအတု အသုံးပြုခဲ့မှုအတွက် စွဲချက်တင်ခံရတဲ့ မက်ဒေါနား

ရဲကားအတု အသုံးပြုခဲ့မှုအတွက် စွဲချက်တင်ခံရတဲ့ မက်ဒေါနား

ကမ္ဘာကျော်အဆိုတော် မက်ဒေါနားသည်  ယခုသီတင်းပတ် အစောပိုင်းက လန်ဒန်ရှိ O2 Arena တွင် ၎င်း၏ Rebel Heart ကမ္ဘာလှည့်ဖျော်ဖြေပွဲ ကျင်းပပြုလုပ်ပြီးနောက် ယာဉ်ကြော ပိတ်ဆို့မှုကို   ဖြေရှင်းရန် ၎င်း၏ ကားဒိုင်ခွက်ဘောင်တွင် အပြာနှင့်အနီရောင် လျှပ်တစ်ပြက်မီးများ တပ်ဆင်ပြီး ရဲကားပုံစံ တုပပြုလုပ်ကာ မောင်းနှင်ခဲ့မှုဖြင့် စွပ်စွဲခံထားရသည်။

Rebel Heart ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်၏ နောက်ဆုံးဖျော်ဖြေပွဲကျင်းပရာ လန်ဒန်မြို့ အရှေ့တောင်ဘက်ရှိ  O2 Arena ပြင်ပတွင် ပရိသတ်အချို့က မက်ဒေါနား ရဲကားအတု စီးနေသည့်ပုံ ကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့ဲခြင်း ဖြစ်သည်။

မက်ဒေါနားသည် လန်ဒန်မြို့ အနောက်ပိုင်းရှိ ၎င်း၏နေအိမ်သို့ မြန်မြန်ရောက်ရှိစေရန်အတွက် ယခုကဲ့သို့ ရဲကားအသွင် တုပပြုလုပ်ခဲ့ပုံပေါ်သည်။ မက်ဒေါနားသည် Rebel Heart ကမ္ဘာလှည့်ဖျော်   ဖြေပွဲ၏ နောက်ဆုံးဖျော်ဖြေပွဲအဖြစ် O2 Arena တွင် ဒီဇင်ဘာ ၁ ရက်မှ ၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့ သည်။

“ယာဉ်ကြော ပိတ်ဆို့နေတဲ့အတွက် ဘယ်ကားမှ သွားလို့မရ ဖြစ်နေပါတယ်။ ရုတ်တရက်ဆိုသ လို ကျွန်တော် လျှပ်တစ်ပြက်မီးနဲ့ ကားဟွန်းသံကို ကြားလိုက်ရပါတယ်။ ပြီးတဲ့နောက်မှာတော့ ကျွန်တော် ကားတစ်စီးကို မြင်လိုက်တယ် ရဲအရာရှိတစ်ယောက်ရဲ့ ကားလို့ တွေးထင်မိတယ်။ အဲ့ဒီ ကားဟာ ဟွန်းသံတွေပေးပြီး မောင်းနှင်သွားတယ်” ဟု မျက်မြင်သက်သေတစ်ဦးက The Sun ကို ပြောကြား ခဲ့သည်။

“ယာဉ်မောင်းတွေက တစ်ကယ်ကို စိတ်ညစ်သွားတယ်။ အဲ့နောက် ကျွန်တော် ကားထဲကို လှမ်းကြည့်မိလိုက်တော့ မက်ဒေါနားကို တွေ့လိုက်ရတယ်။ သူမဟာ ကားဒိုင်ခွက်ဘောင်မှာ လျှပ်တစ်   ပြက်မီးတွေ တပ်ဆင်ထားတဲ့ ယင်းကားကို မောင်းနေတာကို တွေ့လိုက်ရတယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ကားကို လျှပ်တစ်ပြက်မီးများ တပ်ဆင်ကာ မောင်းနှင်မှုသည် ရာဇဝတ်မှု ပြစ်မှုတစ်ခုဖြစ် ကြောင်းနှင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ်ခြောက်လ ချမှတ်ခံရနိုင်ဖွယ် ရှိသည်။

မက်ဒေါနား၏ ကိုယ်စားလှယ်များသည် ယင်းဖြစ်ရပ်နှင့် စပ်လျဉ်း၍ ထင်မြင်ချက် တစ်စုံတစ်ရာ ပြောကြားခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly