အကြိမ် ၂၀ မြောက် အာရှရုပ်မြင်သံကြား ဆုပေးပွဲ အခမ်းအနားသို့ Secret အဖွဲ့ ကေပေါ့ ကိုယ်စားပြု တက်ရောက်

အကြိမ် ၂၀ မြောက် အာရှရုပ်မြင်သံကြား ဆုပေးပွဲ အခမ်းအနားသို့ Secret အဖွဲ့ ကေပေါ့ ကိုယ်စားပြု တက်ရောက်

အမေရိက၏ Emmy Awards အခမ်းအနားနှင့် အရှိန်အဝါချင်း တူညီမှုရှိသော အကြိမ် ၂၀ မြောက် အာရှ ရုပ်မြင်သံကြား ဆုပေးပွဲအခမ်းအနားသို့ ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ ဖြစ်သော Secret အဖွဲ့ တက်ရောက်ခဲ့သည်။

ဒီဇင်ဘာ ၃ ရက်က စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်သော အာရှရုပ်မြင်သံကြား ဆုပေးပွဲအ ခမ်းအနားသို့ တောင်ကိုရီးယား၏ secret အဖွဲ့က ကေပေါ့ကိုယ်စားပြု၍ တက်ရောက်ခဲ့သည်။ အဖွဲ့၏ နာမည်ကျော်ကြားသော သီချင်းများဖြစ်သည့် "I'm in Love" နှင့် "Love is MOVE" သီချင်းများကို ဖျော်ဖြေတင်ဆက်ရန် ရုံအတွင်းသို့ ရောက်ရှိလာချိန်တွင် ပရိသတ်၏ တစ်ခဲနက်အားပေးမှုကို ရရှိခဲ့ သည်။

"ဒီလိုမျိုး စင်ကာပူမှာရှိတဲ့ ကျွန်မတို့အဖွဲ့ကို ချစ်ကြတဲ့ ပရိသတ်တွေအားလုံးက ဒီလိုမျိုး နွေးနွေးထွေးထွေး ကြိုဆိုကြတဲ့အတွက် အရမ်းပဲ ဝမ်းသာမိပါတယ်၊ ဒီ ၂၀၁၅ AMA အခမ်းအနားကို တက်ရောက်ခွင့်ရတာနဲ့ ဒီလိုမျိုး လူအများကြီးနဲ့ တွေ့ဆုံခွင့်ရတာကို တကယ့်ကို ဂုဏ်ယူစရာပါ" ဟု အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ယိုဆောင်းက ပြောသည်။

ဆုပေးပွဲတွင် တောင်ကိုရီးယား tvN ရုပ်သံလိုင်း၏ “Incomplete Life ” နှင့် “ SNL Korea ” အစီစဉ်၊ Mnet ရုပ်သံလိုင်း၏ “I Hear Your Voice” အစီစဉ်တို့သည် ဆုချီးမြှင့်ခြင်း ခံခဲ့ရကြောင်းနှင့် အာရှရုပ်မြင်သံကြား ဆုပေးပွဲကို နှစ်စဉ် ဒီဇင်ဘာလတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

Secret အဖွဲ့သည် "Magic" ၊ "Madonna" နှင့် "YooHoo" ကဲ့သို့သော ပရိတ်သတ်အားပေးမှု ရရှိထားသော တေးသီချင်းများဖြင့် ကိုရီးယားတွင် အောင်မြင်မှုများ ရရှိနေသည့် အမျိုးသမီးအဆို တော် အဖွဲ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly