ဗြိတိန်က ဆီးရီးယားတွင် ဒုတိယအသုတ် လေကြောင်းစစ်ဆင်

ဗြိတိန်က ဆီးရီးယားတွင် ဒုတိယအသုတ် လေကြောင်းစစ်ဆင်

လန်ဒန်၊ ဒီဇင်ဘာ ၅ ။                ။ ဆီးရီးယားရှိ အိုင်အက်စ်တို့ကို စစ်ရေးအားဖြင့် တိုက်ခိုက်ရေး ဗြိတိန်လွှတ်တော်တွင် အတည်ပြုလိုက်ပြီးနောက် တော်ဝင်လေတပ်မတော် RAF ၏ ဂျက်တိုက်လေယာဉ် များက ဒုတိယအသုတ် လေကြောင်းစစ် ဆင်နွှဲသည်။

အိုမာရေနံလုပ်ကွက်မြေကို Tornados နှစ်စင်းနှင့် ဒုတိယမြောက်တိုက်ခိုက်ခြင်းဖြစ်သည်။ ပထမလေကြောင်းထိုးစစ်ကို Typhoons ဂျက်တိုက်လေယာဉ်နှစ်စင်းဖြင့် တိုက်ခိုက်ခဲ့သည်။

ဆိုက်ပရပ်စ်နိုင်ငံရှိ ဗြိတိန်အခြေစိုက်စခန်းတွင် ဆီးရီးယား စစ်ဆင်ရေးအတွက် ရောက်ရှိနေသည့် ကာကွယ်ရေးဝန်ကြီး မိုက်ကယ်ဖော်လွန်က "RAF တင်းပြည့်တပ်ဖွဲ့များကို မနေ့ညက   မြင်တွေ့ခဲ့ရတယ်။"ဟု ပြောသည်။

ဒီဇင်ဘာ ၃ ရက်က စတင်သည့် ဗြိတိန်၏ ပထမဆုံးလေကြောင်းတိုက်ခိုက်မှုတွင် Tornado လေစင်းကို သုံးခဲ့သည်။

ဆီးရီးယားအရှေ့ပိုင်းရှိ ရေနံမြေများကို ပစ်မှတ်ထားပြီး စစ်ရေးအရတုံ့ပြန်တိုက်ခိုက်ရန် လွှတ်တော်အမတ်များက ထောက်ခံအတည်ပြုလိုက်ပြီးနောက် နာရီပိုင်းအတွင်း ဗုံးကြဲတိုက်ခိုက်ခြင်းများကို စတင်လိုက်ခြင်းဖြစ်သည်။

ဗြိတိန်တို့၏ အိုင်အက်စ်စစ်ဆင်ရေးတွင် RAF စစ်မှုထမ်းများ ထိန်းချုပ်မောင်းနှင်သည့် Reaper ဒရုန်းယာဉ်များကလည်း အီရတ်ရှိ အိုင်အက်စ်ပစ်မှတ်များကို ရှာဖွေထောက်လှမ်းခြင်းနှင့် ဒုံးကျည်ပစ်လွှတ်ခြင်းများကို လုပ်ဆောင်လျက်ရှိနေသည်။

ဆီးရီးယားနှင့် အီရတ်တွင် အမေရိကန်က အဓိကဦးဆောင်ကာ ပြင်သစ်၊ သြစတြေးလျနှင့် ဒိန်းမတ်တို့ကလည်း လေကြောင်းတိုက်ခိုက်မှုများတွင် ပါဝင်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ဆီးရီးယားနိုင်ငံမှာ ငါးနှစ်နီးပါးမျှ သွေးထွက်သံယိုလက်နက်ကိုင်ပဋိပက္ခများ၏ စားကျက်မြေတစ်ခုအဖြစ်သို့ ရောက်ရှိနေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly