ပြည်တွင်းငြိမ်းချမ်းရေးတွင် တိုင်းရင်းသားကိုယ်စားလှယ် အားလုံးပူးပေါင်းပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ပြည်တွင်းငြိမ်းချမ်းရေးတွင် တိုင်းရင်းသားကိုယ်စားလှယ် အားလုံးပူးပေါင်းပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ဓာတ်ပုံ-မင်းမင်း

နေပြည်တော်၊ဒီဇင်ဘာ ၅ ။              ။ လက်ရှိနိုင်ငံအခြေအနေမှာ ပြည်တွင်းငြိမ်းချမ်းရေးကို သွားနေသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းရင်းသား ကိုယ်စားလှယ်များအနေဖြင့်   ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားလုံးပူးပေါင်းပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ကြောင်း ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် မြန်မာပြည်အထက်ပိုင်းမှ လွှတ်တော်ကိုယ်စားလှယ် များ နှင့်ပျဉ်းမနားမြို့၊မေခန်းမတွင်ဒီဇင်ဘာ ၅ရက် တွေ့ဆုံခဲ့ရာတွင် မှာကြားခဲ့ဖြစ်ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းဆုကြည်က တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရတာကို ဝမ်းသာကြောင်းနှင့်တိုင်းရင်းသား လွှတ်တော်ကိုယ်စား လှယ်များကို ကြည့်ခြင်းအားဖြင့် NLD သည် ပြည်ထောင်စု ပါတီဖြစ်သည် ဆိုတာကိုလည်း ထည့်သွင်း ပြောကြာခဲ့ကြောင်း ပခုက္ကူမှ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် ဒေါ်ဇင်နီနီဝင်း ကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)နာယကဦးတင်ဦးကလည်း ကိုယ်စားလှယ်များ အနေဖြင့် ၁၉၈၈ခုနှစ်မှစတင်လာခဲ့သည့် NLD၏ နိုင်ငံရေးသိက္ခာကြီးမြင့်မှုကိုနားလည်ဖို့လိုကြောင်းနှင့်အနိုင်ရမှု သည်လည်း တိုင်းရင်းသား ပြည်သူအားလုံးအတွက် ဖြစ်မြောက်စေချင်သည့် ဒီမိုကရေစီရမှုအတွက် ပြင်းထန်သည့် စိတ်ဆန္ဒကြောင့်ဖြစ်ကြောင်းပြောကြားခဲ့သည်။

“ငါတု့ိနဲ့အတူတကွပူးပေါင်းမယ့်အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို သေချာချာသဘော ပေါက်တဲ့အတွက် ဒီမေတ္တာကြောင့် အောင်မြင်လာတယ်လို့ပြောရမှာဖြစ်ပါတယ် “ ဟု NLD၏ နယကဦးတင် ဦးက ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေဆုံမှုတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့မှ ကိုယ်စားလှယ် များတက်ရောက်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly