တမူးမြို့တွင် လက်နက်ကိုင် ၄ ဦးခန့်မှ ခရီးသွားဒေသခံ ၂၀ ကျော်ကိုဖမ်းဆီး

တမူးမြို့တွင် လက်နက်ကိုင် ၄ ဦးခန့်မှ ခရီးသွားဒေသခံ ၂၀ ကျော်ကိုဖမ်းဆီး

မုံရွာ၊ ဒီဇင်ဘာ ၅ ။              ။ အိန္ဒိယ မြန်မာ နယ်စပ် တမူးမြို့တွင် လက်နက်ကိုင်(၄)ဦးခန့်မှ ခရီးသွားဒေသခံ ၂၀ဦးခန့်ကို ဒီဇင်ဘာ ၄ ရက် နေ့လည် ၂နာရီခန့်က ဖမ်းဆီးမှု ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

တမူးမြို့နယ်၊ တမူး-စေတီသွားကားလမ်း နန်းသလက်တံတားနှင့် တုံးကျော်ကျေးရွာအကြား မိုင်တိုင်အမှတ်(၂၃/၄) နှင့် (၂၃/၅) အကြားတွင် ကူးကီးဟု ယူဆရသော လက်နက်ကိုင်အဖွဲ့က ဖမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးသွားသူများကို ကားလမ်းအနောက်ဘက် ကိုက်(၅၀)ခန့်အကွာနေရရာအရောက်တွင် ကသည်းလက်နက်ကိုင်များရှိရာ နေရာအားမေးမြန်းခဲ့ပြီး ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ယင်းသို့မေးမြန်းစဉ် တမူးမြို့ အမှတ်(၁)ရပ်ကွက်၊ မြို့သစ်မြို့နယ်ခွဲ နေသူမှ မောင်ဆေးခိုငမ်း(၂၉)နှစ် က မချေမငံပြန်လည်ပြောဆိုသဖြင့် သေနတ်ဒင်ဖြင့် ယာဘက်နားထင်အား ထုနှက်ခဲ့ရာ   ပေါက်ပြဲဒဏ်ရာရရှိခဲ့၍ ၃ ချက်ချုပ်ခဲ့ရကြောင်း သိရသည်။

" ဖမ်းခေါ်တာ၊ ပြန်ပေးဆွဲတာတော့ မဟုတ်ဘူးလို့သိရပါတယ်၊သူတို့အချင်းချင်းကြားမှာ ပြသနာတစ်ခု ရှိလို့ဖြစ်ပါလိမ့်မယ်၊ ဒေသခံတွေကိုအုပ်ချုပ်ရေးဌာနအနေနဲ့မေးမြန်းပြီးပါပြီ၊ ထုရိုက် တာတွေကြောင့် ဒဏ်ရာရရှိခဲ့ကြပါတယ်၊ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းလဲဆိုတာကိုတော့မသိရသေးပါဘူး၊ နယ်စပ်ရှေ့တန်းအဖွဲ့တွေကတော့ စစ်ဆေးနေပါတယ်" ဟုတမူးမြို့နယ် အုပ်ချူပ်ရေးမှူး ဦးကိုကိုထွေးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly