လေယာဉ်ခရီးသည်ဆိုင်ရာ အသေးစိတ်အချက်အလက်များ မျှဝေသည့်စနစ် အီးယူသဘောတူချက်ရရှိ

လေယာဉ်ခရီးသည်ဆိုင်ရာ အသေးစိတ်အချက်အလက်များ မျှဝေသည့်စနစ် အီးယူသဘောတူချက်ရရှိ

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၅ ။           ။ အကြမ်းဖက်ရန် ကြိုးပမ်းမှုများကို တန်ပြန်တိုက်ဖျက်ရာတွင် တိုးတက်မှုရရှိရန် ကြိုးပမ်းသည့်အနေဖြင့် လေယာဉ်ခရီးသည်ဆိုင်ရာ အသေးစိတ်အချက်အလက်များ မျှဝေသည့် စနစ်တစ်ခုကို အီးယူက သဘောတူလိုက်ပြီဖြစ်သည်။

ခရီးသည်အမည်မှတ်တမ်း(PNR)စနစ်ကြောင့် အမည်များ၊ ဆက်သွယ်မှုဆိုင်ရာ အသေးစိတ်အချက်များနှင့် ခရက်ဒစ်ကာ့ဒ်များအပါအဝင် ခရီးသည်ဆိုင်ရာသတင်းအချက်အလက်များကို သိရှိနိုင်မည်ဖြစ်သည်။

အသေးစိတ်အချက်အလက်များကို အီးယူသို့ ဝင်လာသည်ဖြစ်စေ၊ ထွက်ခွာသည်ဖြစ်စေ ဥရောပခရီးသည်တင်လေယာဉ်ပျံသန်းမှုများမှ စုဆောင်းမည်ဖြစ်သည်။

ထို့အပြင် အဖွဲ့ဝင်နိုင်ငံများကြား ပျံသန်းသောလေယာဉ်များထံမှလည်း စုဆောင်းမည်ဟု သိရသည်။ နိုဝင်ဘာ ၁၃က ပါရီတွင် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်မားလာ ခဲ့သည်။

"အကြမ်းဖက်မှုကို တိုက်ဖျက်ရာမှာ ဒီစနစ်က လုံးဝလိုအပ်ပါတယ်"ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဘားနာ့ဒ်ကေဇင်နျူးဗ်က ပြောသည်။

" ဒီကနေ့ရရှိခဲ့တဲ့ သဘောတူညီချက်က ထိရောက်တဲ့ PNR စနစ်ကို ထူထောင်နိုင်ပါလိမ့်မယ်။ ဒီစနစ်က အခြေခံလူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတွေအပေါ်မှာလည်း အပြည့်အဝလေးစားမှုရှိပါတယ်"ဟု လူဇင်ဘတ်ပြည်ထဲရေးဝန်ကြီး အေရှင်နေးရှနိုက်ဒါက ပြောသည်။

"နှစ်တွေအများကြီး အခြေအတင်ဆွေးနွေးပြီးတဲ့နောက်မှာတော့ နောက်ဆုံးတော့ သဘောတူညီချက်တစ်ခုကို ကျွန်တော်တို့ရရှိလိုက်ပြီဖြစ်ပါတယ်"ဟု၎င်းကဆိုသည်။ PNR စနစ်ကို ၂၀၀၇ခုနှစ် ကတည်းက အဆိုပြုခဲ့သော်လည်း ကိုယ်ရေးလွတ်လပ်မှုစိုးရိမ်မှုများကြောင့် ဥပဒေပြုအမတ်များက ပြဋ္ဌာန်းနိုင်ရေးအတွက် ရုန်းကန်ခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly