လူငယ်များကြား စိမ့်ဝင်သည့် အစွန်းရောက်ဝါဒမှိုင်းကို ပရဟိတစိတ်ဓာတ်ဖြင့် ဟန့်တားရန် မလေးရှားစီစဉ်

လူငယ်များကြား စိမ့်ဝင်သည့် အစွန်းရောက်ဝါဒမှိုင်းကို ပရဟိတစိတ်ဓာတ်ဖြင့် ဟန့်တားရန် မလေးရှားစီစဉ်

ကွာလာလမ်ပူ၊ ဒီဇ်င်ဘာ ၅ ။         ။ သြစတြေးလျက အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး အီရတ်တွင် အသေခံဗုံးခွဲသမားဖြစ်လာပြီး အိုင်အက်စ်နှင့် ဆက်သွယ်နိုင်သည်ဟု လူငယ်လူရွယ် ၁၅၀ ကိုလည်း အိန္ဒိယက မျက်စိဒေါက်ထောက်စောင့်ကြည့်နေရချိန် အိုင်အက်စ်အဖွဲ့ထဲ ဝင်ဖို့ ထွက်ခွာသည့် ၁၄ နှစ်သမီး တစ်ဦးကိုလည်း မလေးရှားက ဖမ်းဆီရမိခဲ့သည်။

ထိုသို့ လူငယ်များကြား အစွန်းရောက်မှိုင်းများ စိမ့်ဝင်နေခြင်းအတွက် နိုင်ငံများ၏ စိုးရိမ်ပူပန်မှုများ မြင့်တက်လာချိန် မလေးရှားနိုင်ငံက ပရဟိတစိတ်ဓာတ်အခံဖြင့် စေတနာ့ဝန်ထမ်းတပ်ဖွဲ့များ ဖွဲ့စည်းကာ ယင်းအရေးအရာကို ချေဖျက်ခြင်းသည် မှန်ကန်သည့် အဖြေတစ်ရပ်ဖြစ်နိုင်သည်ဟု စဉ်းစားလုပ်ဆောင်ရန် စီစဉ်လျက်သည်။

လူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော် အသက် ၃၅ နှစ်အောက်များဖြစ်သည့် အမေရိကန်နှင့် အရှေ့တောင်အာရှကဲ့သို့သောနိုင်ငံများတွင် လူငယ်များကြား အစွန်းရောက်ဝါဒသက်ဝင်မှုသတင်းများ တိုးများလာခြင်းနှင့် အတူ စိုးရိမ်မှုများလည်း မြင့်တက်နေလျက်ရှိသည်။

စေတနာ့ဝန်ထမ်းအဖွဲ့တွေ ဖွဲ့တာက ပြဿနာဖြေရှင်းနည်း အဖြေဖြစ်ပါမယ်ဟု မလေးရှား လူငယ်ရေးရာနှင့် အားကစားဝန်ကြီး ခါးရီဂျာမာလုဒင်က ပြောသည်။

လူငယ်ရေးရာနှင့် အားကစားဝန်ကြီးဌာနက မလေးရှားလူမှုရေးလုပ်ငန်းအဖွဲ့ EPIC နှင့် ပူးပေါင်းကာ ပြည်တွင်းနှင့် ပြည်ပနှစ်ရပ်လုံးတွင် လူမှုရေးအသင်းအဖွဲ့များကို လေ့ကျင့်သင်တန်းများပေးပြီး ကူညီထောက်ပံ့ရေးအတွက် စေတနာ့ဝန်ထမ်းများ စေလွှတ်ရန် လုပ်ဆောင်နေသည်။ MyCorps ဆိုသည့် အစီအစဉ်ဖြစ်ကာ လူငယ်များကြား စိတ်ဓာတ်ရေးရာပိုင်းနှင့် ခေါင်းဆောင်မှုပိုင်းတို့ကို ချဉ်းကပ်စည်းရုံးနိုင်မည် မျှော်လင့်ထားသည်။

"အစီအစဉ်ကတော့ ခေါင်းဆောင်မှုနဲ့ ပရဟိတ စေတနာ့ဝန်ထမ်းစိတ်ဓာတ်ရေးရာပိုင်းကို မြှင့်တင်ဖို့ပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အိုင်အက်စ်တို့ရဲ့သွေးဆောင်စည်းရုံးခြင်းတွေလို အစွန်းရောက် ဝါဒမှိုင်းတွေကနေ မလေးရှားလူငယ်တွေ ရှောင်ကြဉ်နိုင်စွမ်းရှိလာအောင်လို့လည်း မြှင့်တင်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါက အကျိုးကျေးဇူးများစွာကို ဖြစ်ပေါ်လာစေမယ်လို့ ထင်မြင်မိပါတယ်။"ဟု ခါးရီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly