Bruno Magli တံဆိပ်ရဲ့ နွေရာသီ ဖက်ရှင်သစ်အတွက် ကြော်ငြာဓာတ်ပုံ ရိုက်ပေးခဲ့တဲ့ ပက်ခ်ရှင်ဟေး

Bruno Magli တံဆိပ်ရဲ့ နွေရာသီ ဖက်ရှင်သစ်အတွက် ကြော်ငြာဓာတ်ပုံ ရိုက်ပေးခဲ့တဲ့ ပက်ခ်ရှင်ဟေး

တောင်ကိုရီးယားမင်းသမီး ပက်ခ်ရှင်ဟေးသည် Bruno Magli တံဆိပ်၏ ၂၀၁၆ နွေဦးနှင့် နွေရာသီ ဖက်ရှင်သစ်အတွက် ကြော်ငြာ ရိုက်ပေးခဲ့သော ဓာတ်ပုံများကို  Bruon Magli ဖက်ရှင်အ မှတ်တံဆိပ် ကုမ္ပဏီက ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ဖော် ပြသခဲ့သည်။

ဓာတ်ပုံတွင် ပက်ခ်ရှင်ဟေးသည် ခရမ်းရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး  ကြမ်းပြင် ပေါ် လဲလျောင်းကာ ကင်မရာကို ညို့ဓာတ်အားပြင်းပြင်းဖြင့် စိုက်ကြည့်နေသည်ကို တွေ့ရသည်။

ပက်ခ်ရှင်ဟေးသည် ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ကာ သားရေဖြင့် ပြုလုပ်ထားသော ပိုက်ဆံအိတ်ကို လွယ်ထားသည်ကို တွေ့ရပြီး နောက်ထပ်တစ်ပုံတွင် အဖြူရောင် ဆွယ်တာပေါ်တွင် ပန်းများဖြင့် ပုံဖော် ထားသော ပိုးသားဂျာကင်ကို ထပ်ဝတ်ထားကာ Bruno Magli အမှတ်တံဆိပ် အဖြူရောင်ပိုက်ဆံ အိတ်ကို ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။

Bruno Magli အမှတ်တံဆိပ်သည် နွေဦးရာသီ ဖက်ရှင်အတွက် ပက်ခ်ရှင်ဟေးနှင့် ပူးပေါင်း ကာ Stile Ssinz နာမည်ဖြင့် ပစ္စည်းသစ် ထုတ်ဝေသွားရန် စီစဉ်လျက် ရှိသည်။

ထို့ကြောင့် ပက်ခ်ရှင်ဟေးသည် ထုတ်ကုန်ပစ္စည်း ဒီဇိုင်းသစ်များအတွက် ကြော်ငြာဓာတ်ပုံ ရိုက်ကူးပေးခဲ့ခြင်း ဖြစ်ကြောင်း Bruno Magli ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပိုက်ဆံအိတ် ဒီဇိုင်းသစ်များကို သိုင်းကြိုးများဖြင့် ပြုလုပ်ထားပြီး အရောင်သုံးရောင်ဖြင့် ထွက်ရှိမည်ဖြစ်ကာ အရွယ်အစား နှစ်မျိုးဖြင့် ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly