ဆားဘီးယား အထူးတပ်ဖွဲ့ဝင်များကို ကိုယ်ခံပညာ သင်ပေးရန် စတီဗင်ဆေးဂဲလ် ကမ်းလှမ်းခံရ

ဆားဘီးယား အထူးတပ်ဖွဲ့ဝင်များကို ကိုယ်ခံပညာ သင်ပေးရန် စတီဗင်ဆေးဂဲလ် ကမ်းလှမ်းခံရ

အက်ရှင်မင်းသားကြီး စတီဗင်ဆေးဂဲလ်သည် ဆာဘီယား အထူးတပ်ဖွဲ့ဝင်များကို ကိုယ်ခံပညာ သင်ကြားပေးရန် ကမ်းလှမ်းခံခဲ့ရသည်။

စတီဗင်ဆေးဂဲလ်ကို ရုပ်ရှင်ဇာတ်ကားများတွင် ကိုယ်ခံပညာ အသုံးပြုကာ သရုပ်ဆောင်ထား သည့် သရုပ်ဆောင်ကွက်များကိုသာ တွေ့မြင်ခဲ့ရပြီး ယခုအခါ ၎င်း၏ ကိုယ်ခံပညာ အတတ်ပညာကို  ဇာတ်ကားထဲတွင် မဟုတ်ဘဲ ပြင်ပတွင် အသုံးချခွင့် အခွင့်ရေးတစ်ရပ် ကမ်းလှမ်းခံခဲ့ရသည်။

အသက် ၆၃ နှစ်အရွယ်ရှိ စတီဗင်ဆေးဂဲလ်သည် မကြာသေးမီက ဆားဘီးယားနိုင်ငံ မြို့တော် ဘဲလ်ဂိတ်မြို့သို့ သုံးရက်ကြာ အလည်အပတ် သွားရောက်ခဲ့ပြီး ရုရှလိုလားသော သမ္မတ တိုမစ်ဆလ စ်ဗ်နီကိုလစ်နှင့် ဝန်ကြီးချုပ် အဲလက်ဆန်းဒါးဗူးဆစ်တို့နှင့် တွေ့ဆုံခဲ့သည်။

စတီဗင်ဆေးဂဲလ်သည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းအတွက် ဆုလက်ခံ ရန် ဆားဘီးယားနိုင်ငံသို့ ရောက်ရှိခဲ့သော်လည်း  ဆားဘီးယား အထူးတပ်ဖွဲ့ဝင်များကို ကိုယ်ခံပညာ သင်ကြားပေးရန် ကမ်းလှမ်းမှုကို အဓိကထား ဆွေးနွေးခဲ့ပုံ ရသည်။

သို့ရာတွင် ဆေးဂဲလ်သည် ၂၀၁၆ ခုနှစ်တွင် ရိုက်ကူးရမည့် ရုပ်ရှင်ဇာတ်ကားများ များပြားလှ သောကြောင့် ကမ်းလှမ်းချက်ကို လက်ခံသွားခြင်း ရှိမရှိနှင့် စပ်လျဉ်း၍ ရှင်းရှင်းလင်းလင်း မသိရသေး ချေ။ ဆေးဂဲလ်သည် ဆားဘီးယားနိုင်ငံသို့ အလည်ပတ် ရောက်ရှိစဉ် Brothers Karic  ဖောင်ဒေးရှင်း အဖွဲ့မှ ပေးအပ်သော ဆုကို လက်ခံရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly