ဒေါ်အောင်ဆန်းစုကြည် နှင့် အထက်မြန်မာပြည်အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပျဉ်းမနားမြို ့ရှိ မေခန်းမတွင် တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည် နှင့် အထက်မြန်မာပြည်အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပျဉ်းမနားမြို ့ရှိ မေခန်းမတွင် တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည် နှင့် အထက်မြန်မာပြည်အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပျဉ်းမနားမြို့ရှိ မေခန်းမတွင် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီတွင်စတင်တွေ့ဆုံသွားမည်ဖြစ်သည်။

တွေ့ဆုံရာတွင် လွှတ်တော် အသီးသီးအတွက် ကိုယ်စားလှယ်များ ၊ တိုင်းရင်းသား ရေးရာ ကိုယ်စားလှယ်များ ဖြင့်တွေ့ဆုံမည်ဖြစ်ကာ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားလှယ်များဖြင့်တွေ့ဆုံသွားမည်ဖြစ်သည်။

နေ့လည်ပိုင်းတွင် ကယား ၊ ရှမ်း ၊ မကွေး ၊ ကချင် ၊ ချင်း ပြည်နယ်/တိုင်း ငါးခုမှ ကိုယ်စားလှယ်များဖြင့်တွေ့ဆုံသွားမည်ဖြစ်ကာ တွေ့ဆုံပွဲသို့NLD ပါတီကိုယ်စားပြု အနိုင်ရလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း လေးရာကျော် တက်ရောက်မည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီနယ်မြေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly