မုံရွာ၊ ဒီဇင်ဘာ ၄ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်တွင်လူမှုကွန်ရက် (facebook) ပေါ်တွင် ခင်ဦးမြို့နယ် ရဲတပ်ဖွဲ့နှင့် မြကန်သာရပ်ကွက် အုပ်ချုပ်ရေးမှူးတို၏ ဂုဏ်သိက္ခာ ညိုးနွမ်းအောင်ရေးသားထားသူတစ်ဦး အား ဒီဇင်ဘာ ၃ ရက်နေ့က အမှုဖွင့်အရေး ယူထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
"ခင်ဦးရဲတွေ ငါပြောလိုက်မယ်၊မင်းတို့ အဆင့်လောက်နဲ့ တက်မလာနဲ့သိလား၊ငါ့အိမ်မှာလာပြီးခိုးစားနေတဲ့ခွေးသူခိုး လောက်ကိုကျေးဇူးမသိတက်ဘူး၊" မြကန်သာဥက္ကဌဆိုတာ တကယ်တော့ စောက်ရှက်မရှိ မျက်နှာပြောင်တဲ့ ခွေးရူးကြီးပါပဲ။ ကြိုက်တဲ့ fb ပေါ်တင်လိုက်တဲ့။ တင်လိုက်ပြီလေ S ဂရုမစိုက်လို့။ Ye Htut Win နာမည်ဖွင့်လှစ်ထားသည့် အကောင့်ပိုင်ရှင်က ရေးသားထားကြောင်း သိရသည်။
ပိုစ့်တင်ထားသောအကောင့်ပိုင်ရှင်အား စုံစမ်းရာ၊ မြကန်သာရပ်ကွက်တွင် ရွှေလမင်း မိတ္ထူနှင့် ကွန်ပြူတာဆိုင်ဖွင့်ထားသည့် ရဲထွဋ်ဝင်း(၂၀)နှ စ် ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် အရေးယူပေးပါရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ လာရောက်အမှုဖွင့် တိုင်တန်းခြင်း ဖြစ်ကြောင်း ရဲစစ်ချက်အရသိရသည်။
လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွင် ရဲတပ်ဖွဲ့နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဂုဏ်သိက္ခာညိုးနွမ်းစေရန်ရေးသားဖော်ပြခဲ့သူအား ခင်ဦးမြို့မရဲစခန်း(ပ)၂၆၆/၂၀၁၅၊ ဆက်သွယ်ရေးပုဒ်မ၆၆(ဃ)အရ အမှုဖွင့်အရေးယူထားကြောင်း ခင်ဦးမြို့မရဲစခန်းမှ သိရသည်။