MAMA ဆုပေးပွဲတွင် Big Bang နှင့် EXO အဖွဲ့တို့ ဆုလေးဆု ရရှိခဲ့

MAMA ဆုပေးပွဲတွင် Big Bang နှင့် EXO အဖွဲ့တို့ ဆုလေးဆု ရရှိခဲ့

ဆိုးလ်၊ ဒီဇင်ဘာ ၃ ။       ။ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ Big Bang နှင့် EXO အဖွဲ့တို့သည် ဒီဇင်ဘာ ၂ ရက်က ဟောင်ကောင်တွင် ကျင်းပပြုလုပ်သော Mnet Asian Music Awards( MAMA) ဆုပေးပွဲ၌  ဆုလေးဆု ဆွတ်ခူး ရရှိခဲ့သည်။

Big Bang အဖွဲ့သည် Bang Bang Bang တေးသီချင်းဖြင့်  တစ်နှစ်တာ အကောင်းဆုံး တေးသီချင်းဆုကို ရရှိခဲ့သည့်အပြင် တစ်နှစ်တာ အကောင်းဆုံး အနုပညာရှင်ဆုကို ရရှိခဲ့သည်။  EXO အဖွဲ့သည် ၎င်းတို့၏ ဒုတိယမြောက် တေးသီချင်းအယ်လ်ဘမ် EXODUS တေးအယ်လ်ဘမ်ဖြင့် တစ်နှစ်တာ အကောင်းဆုံး တေးအယ်လ်ဘမ်ဆုကို ရရှိခဲ့သည်။

Big Bang အဖွဲ့သည် Bang Bang Bang တေးသီချင်းဖြင့်  အကောင်းဆုံး တေးဂီတ ဗီဒီယိုဆု ကို ရရှိခဲ့ပြီး Worldwide Favorite Artist ဆုကို ရရှိခဲ့သည်။ EXO အဖွဲ့သည် အကောင်းဆုံး အမျိုးသား တေးဂီတအဖွဲ့ဆု၊ Best Asian Style နှင့် Global Fan’s Choice ဆုတို့ကို ရရှိခဲ့သည်။

“ကျွန်တော်တို့ကို အချိန်တိုင်း အားပေးတဲ့ ပရိတ်သတ်တွေနဲ့ မိသားစုဝင်တွေကို ကျေးဇူးတင် ပါတယ်” ဟု Big Bang အဖွဲ့က ပြောကြားသည်။ SM Entertainment အေဂျင်စီနှင့် YG Entertainment အေဂျင်စီတို့သည် ဆုပေးပွဲတွင် အောင်ပွဲခံခဲ့ကြောင်းနှင့် SM အေဂျင်စီသည် ဆုကိုး ဆု ရရှိခဲ့ပြီး YG အေဂျင်စီသည် ဆုငါးဆု ရရှိခဲ့သည်။

Girls’ Genertaion အဖွဲ့သည် အကောင်းဆုံး အမျိုးသမီး တေးဂီတအဖွဲ့ဆုကို ရရှိခဲ့ပြီး အဖွဲ့ဝင် တေးယွန်သည် ယခုနှစ် ၎င်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကြောင့် အကောင်းဆုံး အမျိုးသမီးအဆိုရှင် ဆုကို ရရှိခဲ့ကြောင်းနှင့် ပတ်ခ်ဂျင်ယောင်သည် အကောင်းဆုံး အမျိုးသား အဆိုရှင်ဆုကို ရရှိခဲ့သည်။

SNINee အမျိုးသား အဆိုတော်အဖွဲ့နှင့် Red Velvet အမျိုးသမီး အဆိုတော်အဖွဲ့တို့သည်  Best Dance Performance Group ဆုကို ရရှိခဲ့ပြီး ဟွန်နသည် Best Dance Perfomance Solo ဆုကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags