ယောဂပညာဟာ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာမလား

ယောဂပညာဟာ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာမလား

ရန်ကုန်၊ ဒီဇင်ဘာ ၃ ။            ။ စီးပွားရေးတိုးတက်လာဖို့ စိုင်းပြင်းနတဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးကောင်းကောင်းလုပ်နိုင်ဖို့ဆိုတဲ့ အသိနဲ့ အားကစားကိုလိုက်စားလာကြတာတွေ ရှိလာနေပါတယ်။

အဲဒီ့အားကစားတွေကနေ စီးပွားရေးလုပ်ငန်းတစ်ခုလိုလုပ်ကိုင် လာနေတဲ့ ယောဂလေ့ကျင့်ရေးခန်းမတွေလည်း ပါဝင်လာပါတယ်။

အားမှကစားလို့ရတဲ့ အားကစားကိုတော့ စီးပွားရေးမြို့တော် ရန်ကုန်ကနေထိုင်သူတွေ အချိန်ပေးကစားလာကြပါပြီ။ ဒီထဲကမှ ယောဂအားကစားကရန်ကုန်မြို့အပြင် မြန်မာနိုင်ငံက မြို့ကြီးတစ်ချို့မှာ လိုက်စားအားပေးလာနေကြပါတယ်။

အရင်တုန်းကဂျင်(စ်)ခန်းဆိုဂျင်(စ်)တစ်မျိုးထဲလေ အခုဆိုဂျင်(စ်)ခန်းတော်တော်များများဆို ယောဂနဲ့တွဲလာတာ မြင်ရတယ်အမ။ အဲဒါကြည့်ခြင်းအားဖြင့် ယောဂကတစ်ဖြေးဖြေး ကျယ်ပြန့်လာတယ်လို့ ယူဆပါတယ်။

"အရင်တုန်းကဂျင်(စ်)ခန်းဆိုဂျင်(စ်)တစ်မျိုးထဲလေအခုဆိုဂျင်(စ်)ခန်းတော်တော်များများဆိုယောဂနဲ့တွဲလာတာ မြင်ရတယ်အမ။ အဲဒါကြည့်ခြင်းအားဖြင့်ယောဂက တစ်ဖြေးဖြေးကျယ်ပြန့် လာတယ်လို့ယူဆပါတယ်။" လို့ ယောဂသင်တန်းနည်းပြ မသင်းသင်းစိုးက မဇ္ဈိမကို ပြောပါတယ်။

ယောဂသင်တန်းက သရုပ်ပြဆရာမတစ်ဦးဖြစ်တဲ့ မဂျန်းနီကတော့ ယောဂကို စိတ်ဝင်စားတဲ့ မြန်မာလူမျိုးတွေ များလာပေမယ့် သင်တန်းဆရာ၊ ဆရာမ ရှားပါးမှုကိုလည်း ရင်ဆိုင်နေရတယ်လို့   ပြောပါတယ်။

"ဘာဖြစ်လို့ယောဂကျင့်တာလဲအခုတော့ မြန်မာနိုင်ငံကတဖြေးဖြေးနဲ့ ဖွံ့လာပြီဆိုရင် ဖော်ရိန်နာတွေလည်းတော်တော်များများဝင်လာပြီတဖြေးဖြေးနဲ့ အင်တာနေရှင်နယ်  ဖြစ်သွားပြီဆိုတော့   ယောဂကိုသိတဲ့သူလည်း များလာပြီယောဂကိုလာကျင့်တဲ့သူလည်း များလာပြီ။" လို့ ပြောပါတယ်။

ယောဂအားကစားလိုက်စားလေ့ကျင့်သူတွေက ကျယ်ပြန့်လာနေတဲ့ အခြေအနေကို ပြောပြသွားတာပါ။ လက်ရှိအချိန်အထိ ရန်ကုန်မြို့မှာယောဂလေ့ကျင့်ရေးခန်းမ (၁၀)ခု ဝန်းကျင်လောက်မှာ ရှိနေပါတယ်။ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ ထပ်ပြီးတိုးချဲ့ဖို့ သင်တန်းနည်းပြတွေ မွေးထုတ်ပေးဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

မန္တလေး ဟာကျူလီဖစ်နက်စင်တာက သင်တန်းနည်းပြ ကိုသူနန်ဇင်ဟန်ကတော့ "အစကဖစ်နက်စင်တာကြီးပဲ သီးသန့်ဖွင့်တာယောဂကိုစိတ်ဝင်စားပြီး ခဏခဏလာမေးတော့ သူတို့ကလည်း အခတ်တွေတာ သင်ပေးနိုင်မယ်ဆရာတွေ ကော်လဖိုင်း ဖြစ်တဲ့ဆရာတွေကမရှိဘူး မန္တလေးမှာတော့ ခုလောလောဆယ်တော့ ၃ခုလောက်တော့ ရှိမယ်ထင်တယ်။" လို့ ပြောပါတယ်။

အခုတော့ ယောဂအားကစားကိုကျန်းမားရေးအသိနဲ့ ကစားလာကြတဲ့အပေါ်မှာစီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ တိုးချဲ့လုပ်ကိုင်လာကြတာတွေရှိလာနေပါပြီ။

"အသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ့လည်းရပ်တည်လို့ရပါတယ် ဒီဟာကဘာဖြစ်လို့လဲဆိုတော့ သူကလူတိုင်းလူတိုင်းရဲ့ အတွင်းစိတ်ထိကို ပြုပြင်ပေးနိုင်စွမ်းရှိတဲ့ ပညာရပ်ကိုတစ်ခုဖြစ်တဲ့ အတွက်ကြောင့်မို့ ပြီးရင် ကျွန်မတိုနိုင်ငံကလည်းဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်၊ဒီပညာရပ်ကလည်းဘာသာရေးအရဆိုရင်လည်း ကျွန်မတို့ နိုင်ငံနဲ့ အရမ်းနီးစပ်တဲ့အတွက် ဒီဟာက မြန်မာနိုင်ငံမှာပိုပြီးတော့ လက်ခံလာနိုင်မယ်လို့ ယုံကြည်တယ်။" လို့ ယောဂ သင်တန်းသူ မနှင်းနှင်းဖြူက ပြောပါတယ်။

တစ်ဘက်မှာကလည်း လိုအပ်ချက်ရှိနေတဲ့ သင်တန်းဆရာတွေကို ဖြည့်ဆည်းရင်း အားကစားခန်းမတွေမှာ ယောဂအားကစားကို တွဲဘက်ဖွင့်လှစ် လုပ်ကိုင်လာကြတာဟာ ရှေ့အနာဂတ် မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုအပြောင်းအလဲမှာ ဘယ်လောက်အထိ လိုက်ပါလာနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly