လီမင်ဟို၏ တေးသီချင်း အယ်လ်ဘမ် ဂျပန်တေးဂီတ ဇယားတွင် နံပါတ်၂ နေရာတွင် ရပ်တည်

လီမင်ဟို၏ တေးသီချင်း အယ်လ်ဘမ် ဂျပန်တေးဂီတ ဇယားတွင် နံပါတ်၂ နေရာတွင် ရပ်တည်

ဆိုးလ်၊ ဒီဇင်ဘာ ၂ ။             ။ တောင်ကိုရီးယား မင်းသား လီမင်ဟို၏ The Day တေးသီချင်း အယ်လ်ဘမ်သည် ဒီဇင်ဘာ ၂ ရက်က ဂျပန်နိုင်ငံ၏ Oricon တေးဂီတဇယား၌ နံပါတ် နှစ်နေရာတွင် ရပ်တည်လျက် ရှိသည်။

လီမင်ဟိုသည် ဂျပန်အမျိုး သမီးအဆိုတော် အဖွဲ့ Nogizaka 46 ကို ကျော်လွန်ကာ နံပါတ် နှစ်နေရာတွင် ရပ်တည်ခဲ့ပြီး လူကြိုက်များသော အမျိုးသမီး အဆိုတော်အဖွဲ့ NMB48 အဖွဲ့သည် နံပါတ် တစ်နေရာတွင် ရပ်တည်လျက် ရှိသည်။ လီသည် The Day  တေးသီချင်းအယ်လ်ဘမ်ကို  နိုဝင်ဘာ ၂၅ ရက်က ကိုရီးယားနှင့် တရုတ်နိုင်ငံတို့တွင် ဖြန့်ချီခဲ့ပြီး ဂျပန်နိုင်ငံတွင် နိုဝင်ဘာ ၃၀ ရက်က ဖြန့်ချီခဲ့ သည်။

အသက် ၂၈ နှစ်အရွယ်ရှိ လီမင်ဟိုသည် လက်ရှိအချိန်တွင် Bounty Hunters  အက်ရှင်ဇာတ် ကားကို ရိုက်ကူးလျက်ရှိပြီး ယင်းဇာတ်ကားသည် ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်နှင့် ထိုင်းနိုင်ငံတို့ တွင် တရားခံပြေးများကို လိုက်လံဖမ်းဆီးသူ ငါးဦးအကြောင်းကို ပုံဖော် ရိုက်ကူးထားသည့် ဇာတ်ကား ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly