Soptify တေးဂီတ ယခုနှစ်၏ ပရိတ်သတ်အားပေးမှု အများဆုံး ရီဟားနား သတ်မှတ်ခံရ

Soptify တေးဂီတ ယခုနှစ်၏ ပရိတ်သတ်အားပေးမှု အများဆုံး ရီဟားနား သတ်မှတ်ခံရ

နယူးယော့ခ်၊ ဒီဇင်ဘာ ၂ ။           ။ ပေါ့ဘုရင်မ ရီဟားနားသည် တေးသီချင်း အယ်လ်ဘမ်သစ် ထွက်ရှိခြင်း မရှိသေးသော်ငြားလည်း  Soptify တေးဂီတ ဝန်ဆောင်မှုတွင် ၂၀၁၅ ခုနှစ်၏ ပရိတ်သတ်အားပေးမှု အများဆုံး အမျိူး သမီး အဆိုတော်အဖြစ် သတ်မှတ်ခံရသည်။

Spotify  တေးဂီတ ဝန်ဆောင်မှုက နှစ်ကုန်ဆန်းစစ်မှု စာရင်းကို ဒီဇင်ဘာ ၁ ရက်က ထုတ်ပြန် ခဲ့ရာ ကနေဒါရက်ပါ  ဒရာကီသည်လည်း ယခုနှစ်၏ ပရိတ်သတ်အားပေးမှု အများဆုံး   အမျိုးသား အဆိုတော်အဖြစ် ပါဝင်နေပြီး ၎င်း၏ တေးသီချင်းများကို နားဆင်သူ ၁ ဒသမ ၈ ဘီလျံ ရှိသည်။

ဒရာကီသည် ၎င်း၏ စတုတ္ထမြောက် တေးသီချင်းအယ်လ်ဘမ်  If You’re Reading This It’s Too Late တေးသီချင်း အယ်လ်ဘမ်ကို ၂၀၁၅ ခုနှစ် နှစ်စပိုင်းတွင် ထွက်ရှိခဲ့သည်။ ရီဟားနားသည် ပရိတ်သတ် ကြည့်ရှုနားဆင်မှု တစ်ဘီလျံကျော်ဖြင့် ယခုနှစ်၏ ပရိတ်သတ်အားပေးမှု အများဆုံး အမျိုးသမီး အဆိုတော်အဖြစ် ရပ်တည်လျက်ရှိသည်။

Major Lazer တေးဂီတအဖွဲ့၏  Lean On တေးသီချင်းသည် ကြည့်ရှုနားဆင်သူ သန်း ၅၄၀ ဖြင့် ယခုနှစ်၏နားဆင်မှု အများဆုံ တေးသီချင်းအဖြစ် သတ်မှတ်ခံရပြီး The Weeknd၏ Beauty Behind the Madness  တေးသီချင်းအယ်လ်ဘမ်သည်လည်း ယခုနှစ်၏ နားဆင်မှုအများဆုံး တေးသီချင်း အယ်လ်ဘမ်အဖြစ် သတ်မှတ်ခြင်း ခံရသည်။

၂၀၁၄ ခုနှစ်က ပရိတ်သတ် အားပေးမှု အများဆုံး အဆိုတော်အဖြစ် သတ်မှတ်ခံထားရသော အဆိုတော် အက်ဒ်ရှီရန်သည် ယခုနှစ်တွင် ဒုတိယနေရာတွင် ရပ်တည်နေပြီး  The Weeknd ၊ Maroon 5  နှင့် ကာနေးဝပ်စ်တို့သည် ထိပ်တန်းငါးနေရာတွင် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly