ပရိသတ်ရှေ့မှောက်သို့ ဂီတကြယ်ပွင့် မက်ဒေါနား ပြန်လည် ပွဲထွက်လာ

ပရိသတ်ရှေ့မှောက်သို့ ဂီတကြယ်ပွင့် မက်ဒေါနား ပြန်လည် ပွဲထွက်လာ

ဒီဇင်ဘာ ၂ ။        ။ ကမ္ဘာကျော် အဆိုတော် မက်ဒေါနားသည် Brit Awards ဂီတဆုပေးပွဲတွင် စင်ပေါ်မှ ပြုတ်ကျ ခဲ့သည့် နာကျင်ဖွယ် ဖြစ်ရပ်ကို မေ့ပစ်လိုက်ပြီ ဖြစ်ကာ၊ ပရိသတ်ရှေ့မှောက် သို့ ပြန်လည် ပွဲထွက် လာခဲ့ပြီ ဖြစ်သည်။

လန်ဒန်ရှိ O2 Arena တွင် ပရိသတ်အား အောင်မြင်စွာ ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သော ဂီတဆုပေးပွဲတွင် ပေါ့(ပ်)ဂီတ ကြယ်ပွင့် မက်ဒေါနား ဖျော်ဖြေရေး စင်မြင့်ပေါ်မှ နောက်ပြန် ပြုတ်ကျခဲ့သည်။

အင်္ဂါနေ့ (ဒီဇင်ဘာလ ၁ ရက်နေ့) က ဖျော်ဖြေပွဲတွင် ပရိသတ်က မက်ဒေါနားအား သြဘာ ပေးခဲ့ကြသည်။ ကမ္ဘာ့ အေအိုင်ဒီအက်(စ်)နေ့ အထိမ်းအမှတ်အဖြစ်လည်း မက်ဒေါ်နားသည် “Like A Prayer” သီချင်းကို သီဆိုခဲ့သည်။

“ကျွန်မ မွေးစားသားရဲ့ မိသားစု တစ်ခုလုံးဟာ အေအိုင်ဒီအက်(စ်)နဲ့ ဆုံးပါးသွားကြတာပါ” ဟု မက်ဒေါနားက ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly