၂၀၁၆ ဘောလုံးရာသီတွင် ပြည်ပကစားသမား ၃ ဦးသာသုံးခွင့်ပြုရန် လိဂ်ကော်မတီစီစဉ်နေ

၂၀၁၆ ဘောလုံးရာသီတွင် ပြည်ပကစားသမား ၃ ဦးသာသုံးခွင့်ပြုရန် လိဂ်ကော်မတီစီစဉ်နေ
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တစ်ပွဲတွင် ရန်ကုန်နှင့်ဇေယျာရွှေမြေတို့ယှဉ်ပြိုင်ကစားနေစဉ်။

၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ဘောလုံးရာသီတွင် ပြည်ပကစားသမားခေါ်ယူမှုကို ၃ ဦးအထိလျှော့ချရန် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီက စီစဉ်ထားသည်။

၂၀၀၉ ခုနှစ်မှ စတင်ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ၂၀၀၉မှ ၂၀၁၁ ဘောလုံးရာသီအထိ ပြည်ပကစားသမား ငါးဦးအထိခေါ်ခွင့်ပြုခဲ့သော်လည်း ၂၀၁၂ဘောလုံးရာသီမှာစတင်ကာ ၃+၁ (အာရှကစားသမားတစ်ဦး+ပြည်ပကစားသမားတစ်ဦး) စနစ်ကို ၂၀၁၅ဘောလုံးရာသီအထိကျင့်သုံးခဲ့သည်။ “ပြည်ပကစားသမား ၃ဦးပဲခေါ်ခွင့်ပြုဖို့က ကျွန်တော်တို့အသင်းတွေနဲ့ညှိုနှိုင်းရဦးမှာပါ။

အားလုံး ဆန္ဒနဲ့အညီဆုံးဖြတ်မှာပါ။ မြန်မာကစားသမားတွေနေရာပိုရဖို့ရည်ရွယ်တာပါ။ အတည်တော့မပြုနိုင်သေးပါဘူး။” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ညွှန်ကြားရေးမှူး(စီမံ) ဦးစိုးမိုးကျော်က ပြောသည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ လက်ရှိရည်ရွယ်ထားသည့် စည်းမျဉ်းမှာ ပြည်ပကစားသမား ၄ဦးခေါ်ယူနိုင်ပြီး ၃ဦးကို ကစားခွင့်ပြုရန်ဖြစ်သည်။ ထို့အပြင် ၂၀၁၆ဘောလုံးရာသီတွင် ကလပ်အသင်းများ အားလုံး လိုင်စင်ပြုလုပ်ရန်လည်း လိဂ်ကော်မတီက ညွှန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly