၂၀၁၆ တွင် သမိုင်းဝင် ညီလာခံတစ်ရပ်ကျင်းပရန် အာဆီယံခေါင်းဆောင်များ အမေရိကန်သို့ သွားရောက်မည်

၂၀၁၆ တွင် သမိုင်းဝင် ညီလာခံတစ်ရပ်ကျင်းပရန် အာဆီယံခေါင်းဆောင်များ အမေရိကန်သို့ သွားရောက်မည်

စင်ကာပူ၊ ဒီဇင်ဘာ ၂ ။            ။ ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်ထဲတွင် သမိုင်းဝင် ညီလာခံတစ်ရပ် ကျင်းပရန် အာဆီယံဆယ်နိုင်ငံ ခေါင်းဆောင်များ အမေရိကန်နိုင်ငံသို့ လာရောက်ကြမည်ဖြစ်ကြောင်း အမေရိကန် သံအရာရှိကြီးက ပြောကြားသည်။

နိုဝင်ဘာလက မလေးရှား မြို့တော် ကွာလာလမ်ပူတွင် ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေး နှင့် ဖိလစ်ပိုင် မြို့တော် မနီလာတွင် ပြုလုပ်ခဲ့သည့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးများသို့ လာရောက်စဉ်အတွင်း သမ္မတ အိုဘားမားက ဆယ်နိုင်ငံခေါင်းဆောင်များကို ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန် မြေပေါ်တွင် ပထမဆုံး ပြုလုပ်မည့် အမေရိကန်-အာဆီယံ သမိုင်းဝင် ညီလာခံ အစီအစဉ်နှင့် အချိန်ကာလကို လာမည့်သီတင်းပတ်များတွင် ထပ်မံကြေညာပေးသွားမည်ဟု အာဆီယံဆိုင်ရာ အမေရိကန် သံအမတ် မစ္စနီနာဟာချီဂီအန် က ပြောကြားသည်။

" ကျွန်မတို့ အကြား ဆက်ဆံမှုပိုင်းကို မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအဆင့်ထိ တိုးမြင့်နိုင်ခဲ့တာနဲ့ နိုင်ငံကို လာရောက်ဖို့ အာဆီယံဆယ်နိုင်ငံခေါင်းဆောင်တွေကို သမ္မတအိုဘားမားက ဖိတ်ကြားခဲ့တာတွေက အာရှ-ပစိဖိတ် ဒေသမှာ ကျွန်မတို့ ဆက်ဆံမှုတွေကို ဘယ်လိုမျိုးတိုးမြင့်ခဲ့လဲဆိုတဲ့ ပုံစံကောင်းတွေကို ပြသနေပါတယ်" သူမက ပြောသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးတွင်လည်း အဓိကဆွေးနွေးမည့် အကြောင်းအရာများအဖြစ် တောင်တရုတ်ပင်လယ် အငြင်းပွားမှု အရေးက ထိပ်ဆုံးမှ ပါဝင်လာဖွယ်ရှိသည်ဟူလည်း ခန့်မှန်းယူဆရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly