ထိုင်းလေကြောင်းလိုင်းများကို FAA က အဆင့်လျှော့ချသတ်မှတ်

ထိုင်းလေကြောင်းလိုင်းများကို FAA က အဆင့်လျှော့ချသတ်မှတ်

ထိုင်းမှတ်ပုံတင်လေကြောင်းလိုင်းများအား ကမ္ဘာ့အနှံ့ တားမြစ်မှုများ လုပ်လာနိုင်သည့် အခြေအနေအဖြစ် ထိုင်းနိုင်ငံ၏ လေကြောင်းဝန်ဆောင်မှုကဏ္ဍကို အမေရိကန်ဗဟိုလေကြောင်းအာဏာပိုင်အဖွဲ့ FAA က အဆင့်လျှော့ချသတ်မှတ်လိုက်သည်။

"၂၀၁၅ ခုနှစ် ဇူလိုင်လက ပြန်လည် အကဲဖြတ်မှုမှာ ထိုင်းနိုင်ငံက နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့ မပြည့်မီတာ တွေ့ရပါတယ်။"ဟု FAA က ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဒီဇင်ဘာ ၁ ရက်က ဖော်ပြထားသည်။

"လုပ်ဆောင်နေဆဲ ထိုင်းအစိုးရနဲ့ ဆွေးနွေးမှုများအရ ယခုဆုံးဖြတ်ချက်ကို ထုတ်ပြန်ရခြင်းပဲဖြစ်ပါတယ်။"ဟု ထပ်မံဖော်ပြထားသည်။

ဆုံးဖြတ်ချက်အရ ထိုင်းလေကြောင်းလိုင်းများကို အဆင့် တစ်မှ အဆင့် နှစ်သို့ လျှော့ချလိုက်ခြင်းဖြစ်သည်။ ထိုင်းလေကြောင်းလိုင်းများသည် ၁၉၉၇ ခုနှစ်စကာ အဆင့် တစ်အဖြစ် သတ်မှတ်ခံခဲ့ ရခြင်းဖြစ်ပြီး အဆင့်တစ် ရ လေကြောင်းလိုင်းများက အမေရိကန်သို့ ပျံသန်းပြေးဆွဲနိုင်ခြင်းအပြင် ဝန်ဆောင်မှုသစ်များကိုလည်း လုပ်ဆောင်နိုင်ခွင့်ရှိသည်။

"အခု အဆင့် နှစ်ရောက်သွားပြီဖြစ်တဲ့ ထိုင်းလေကြောင်းဝန်ဆောင်မှုတွေအနေနဲ့ အမေရိကန်မှာ ရှိဆဲဝန်ဆောင်မှုလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားနိုင်မှာဖြစ်ပေမယ့် နောက်ထပ် ဝန်ဆောင်မှု အသစ်တွေကိုတော့ လုပ်ကိုင်နိုင်မှာ မဟုတ်ပါဘူး။"ဟု FAA က ပြောထားသည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly