မော်ဒယ် ဂျီဂျီဟာဒစ်နဲ့ လက်ချင်းတွဲလျက် အတူတွေ့ရှိခဲ့ရပြန်တဲ့ ဇေယန်မာလစ်ခ်

မော်ဒယ် ဂျီဂျီဟာဒစ်နဲ့ လက်ချင်းတွဲလျက် အတူတွေ့ရှိခဲ့ရပြန်တဲ့ ဇေယန်မာလစ်ခ်

နယူးယော့ခ်၊ ဒီဇင်ဘာ ၁ ။           ။ One Direction  အဖွဲ့ဝင်ဟောင်း ဇေယန်မာလစ်ခ်နှင့် မော်ဒယ် ဂျီဂျီဟာဒစ်တို့ကို နိုဝင်ဘာ ၂၉ရက်က လော့စ်အိန်ဂျလိစ်မြို့ရှိ  The Nice Guy စားသောက်ဆိုင် အတွင်းမှ လက်ချင်းတွဲလျက် ထွက်လာသည်ကို တွေ့ရှိခဲ့သည်။

ဇေယန် မာလစ်ခ် နှင့် ဂျီဂျီတို့နှစ်ဦး ယင်းနေ့နံနက်အစောပိုင်းက  The Nice Guy  စားသောက်ဆိုင်မှ အတူ လက်ချင်းတွဲလျက် ထွက်လာသည်ကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့ကြောင်း နှင့် ၎င်းတို့နှစ်ဦးသည် အနက်ရောင် အကျီၤများ ဝတ်ထားသည်ကို တွေ့ရသည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဇေယန် မာလစ်သည် ဆံပင်ကို ခဲရောင် ဆိုးထားပြီး အသက် ၂၂ နှစ်အရွယ် မော်ဒယ် ဂျီဂျီသည်လည်း ဆံပင်ဆေးဆိုးထားသည်ကို တွေ့ရသည်။

နိုဝင်ဘာ ၂၂ ရက်က လော့စ်အိန်ဂျလိစ်မြို့တွင် ပါတီပွဲပြီးနောက် အမေရိကန်တေးဂီတဆုပေးပွဲတွင် ဂျီဂျီကို ဇေယန်မာလစ်ခ်က လာကြိုခဲ့ပုံကို ပထမဆုံးအကြိမ် ဓာတ်ပုံရိုက်ယူခဲ့ပြီးသည့်အချိန်မှစ၍ ၎င်းတို့နှစ်ဦး၏ ဆက်ဆံရေး နှင့်ပတ်သက်၍ သတင်းများထွက်ပေါ်လျက်ရှိသည်။

ဇေယန်မာလစ်ခ်သည် Little Mix တေးဂီတအဖွဲ့ဝင် ပယ်ရီအက်ဒ်ဝပ် နှင့် စေ့စပ်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး ဂျီဂျီသည် ယခုလအစောပိုင်းက အဆိုတော် ဂျိုးဂျိုနက်စပ် နှင့် လမ်းခွဲခဲ့သူတစ်ဦးဖြစ်သည်။ဇေယန် မာလစ်ခ်နှင့် ဂျီဂျီတို့ နှစ်ဦးကို  ယခုတစ်ကြိမ် အတူတွေ့ရှိခဲ့မှုသည်မှာ ဒုတိယအကြိမ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly