ထောက်ကြန့်မြို့အဝင် မြနန္ဒပန်းခြံကို အများပြည်သူကျန်းမာရေးလေ့ကျင့်ကွင်း လုပ်မပေးနိုင်ဟု သမ္မတရုံး ဒုဝန်ကြီးပြော

ထောက်ကြန့်မြို့အဝင် မြနန္ဒပန်းခြံကို အများပြည်သူကျန်းမာရေးလေ့ကျင့်ကွင်း လုပ်မပေးနိုင်ဟု သမ္မတရုံး ဒုဝန်ကြီးပြော

နေပြည်တော်၊ ဒီဇင်ဘာ ၁ ။         ။ ထောက်ကြန့်မြို့အဝင် မြနန္ဒာပန်းခြံရှေ့မျက်နှာစာရှေ့ရှိ မြေကွက်လပ်သည် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီပန်းဥယျာဉ်နှင့် အားကစားကွင်းဌာန မှကြီးကြပ်ထိန်းသိမ်းသည့် မြေနေရာမဟုတ်သည့် အတွက်ကြောင့် ယင်းပန်းခြံမျက်နှာစာရှိမြေကွက်လပ်ကို အများပြည်သူများအတွက် ကျန်းမာရေးလေ့ကျင့်ကွင်း ပြုလုပ်ပေး၍ မရကြောင်း သမ္မတရုံးမှ ဒုတိယဝန်ကြီး ဦးကျော်ကျော်က ဖြေကြားခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနသည် ပန်းခြံများ အဆင့်မြှင့်တင်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်းနှင့် ထောက်ကြန့်မြို့ အဝင် မြနန္ဒာပန်းခြံကို လာမည့်ဘဏ္ဍာရေးနှစ်တွင် မွမ်းမံပြင်ဆင်ရန် လျာထားသတ်မှတ်ထားပြီးဖြစ်ကြောင်း၊ ယင်းပန်းခြံရှေ့ မျက်နှာစာရှိ (၆၀၀x ၁၀၀)ပေ အကျယ်မြေကွက်လပ်သည် ပန်းဥယျာဉ်နှင့်အားကစားကွင်းဌာနမှ ကြီးကြပ်ထိန်းသိမ်းသည့် မြေနေရာမဟုတ်၍ အများပြည်သူများအတွက် ကျန်းမာရေးလေ့ကျင့် ကွင်း ပြုလုပ်ပေး၍ မရကြောင်း ဒီဇင်ဘာလ(၁)ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။                                 

ထောက်ကြံ့မြို့အဝင်၌လေးဧကအကျယ်အဝန်းရှိသည့် မြနန္ဒာပန်းခြံတစ်ခုရှိကြောင်းနှင့် ယင်းပန်းခြံ မျက်နှာစာတွင်လည်း ပေ ၆၀၀ × ပေ ၁၀၀ ကျယ်ဝန်းသည့် မြေကွက်လပ်လည်းရှိကြောင်း၊ မြို့နေ အများပြည်သူများသည် ကျန်းမာရေးအတွက် လေ့ကျင်းခန်းဆောင်ရာတွင် အမှတ်(၁)လမ်းမကြီးဘေး၌ ပြုလုပ်နေရပြီး ယာဉ်အန္တရာကိုစိုးရိမ်ရခြင်းကြောင့် မြနန္ဒာပန်းခြံကို အဆင့်မြှင့်တင်းပေးပါရန် အစီအစဉ်ရှိမရှိ သိရှိလိုခြင်းနှင့် ပန်းခြံရှေ့ရှိ မြေကွက်လပ်ကို လည်း ကွန်ကရစ်လမ်းခင်း၍ ကျန်းမာရေးလေ့ကျင့်ကွင်း ပြုလုပ်ပေးနိုင်ခြင်းရှိ မရှိ မင်္ဂလာဒုံမဲဆန္ဒနယ်မှ ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်းဝင်း၏ က မေးမြန်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည်  ရန်ကုန်မြို့စည်ပင်သာယာရေးနယ်နိမိတ် အတွင်းရှိ ပန်းခြံပေါင်း (၆၃)ခြံကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ပန်းခြံများအနက် မင်္ဂလာဒုံမြို့ နယ် ထောက်ကြံ့မြို့အဝင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်  ၁/၀ တွင်ရှိသည့် မြနန္ဒာပန်းခြံ လည်းပါဝင်ကြောင်း၊ ယင်းပန်းခြံကို လာမည့်ဘဏ္ဍာနှင့် မွမ်းမံပြင်ဆင်ရန် လျာထားသတ်မှတ်ပြီးဖြစ်ကြောင်း ရန်ကုန်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကို သမ္မတရုံး ဝန်ကြီးရုံး(၁)မှ ဒုတိယဝန်ကြီးက ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly