အိုင်အက်စ်ချေမှုန်းရေးတွင် စစ်ရေးထောက်ပံ့ရန် ဂျာမနီကက်ဘိနက် အတည်ပြု

အိုင်အက်စ်ချေမှုန်းရေးတွင် စစ်ရေးထောက်ပံ့ရန် ဂျာမနီကက်ဘိနက် အတည်ပြု

ဂျာမနီကက်ဘိနက်ဝန်ကြီးအဖွဲ့က ဆီးရီးယားရှိ အိုင်အက်စ် တိုက်ခိုက်ရေး၌ စစ်ရေးအထောက်အပံ့များပေးရန် အတည်ပြုလိုက်သည်။

အတည်ပြုချက်အရ Tornado ကင်းထောက်လေယာဉ်၊ ရေတပ်ဖရီးဂိတ်စစ်သင်္ဘောနှင့် အမာခံတပ်ဖွဲ့အင်အား ၁၂၀၀ ကို ဆီးရီးယားသို့ စေလွှတ်မည်ဖြစ်သည်။ ကက်ဘိနက်အဖွဲ့၏ ဆုံးဖြတ် အဆိုပြု ချက်အား မဲခွဲအတည်ပြုရန်အတွက် လွှတ်တော်သို့ ဒီဇင်ဘာ ၂ ရက်တွင် တင်နိုင်ဖွယ်ရှိသည်။

ပါရီတွင် နိုဝင်ဘာ ၁၃ ရက်က တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ပြင်သစ်သမ္မတ ဖရန့်စွာအော်လန်းက မေတ္တာရပ်ခံတိုက်တွန်း၍ အိုင်အက်စ် ချေမှုန်းရေးတွင် ပါဝင်ရန် ဂျာမနီက ဆုံးဖြတ်လိုက်ခြင်းဖြစ် သည်။ ဂျာမနီတပ်ဖွဲ့များအနေဖြင့် မြေပြင်စစ်ပွဲများတွင်တော့ ပါဝင်မည် မဟုတ်ပေ။

နိုင်ငံရပ်ခြားတွင် အကြီးဆုံးစစ်ဆင်ဆောက်ရွက်မှုဖြစ်လာမည့် အစိုးရအဖွဲ့၏ ယခုအဆိုပြုချက်ကို လွှတ်တော်အမတ်များကလည်း ထောက်ခံပေးသွားဖွယ်ရှိသည်။

ဗြိတိန်နိုင်ငံတွင်လည်း ဆီးရီးယားရှိ အိုင်အက်စ်တိုက်ခိုက်ရေးတွင် ပါဝင်ရန် ဒီဇင်ဘာ ၂ ရက်တွင် လွှတ်တော်၌ အခြေအတင်ဆွေးနွေးကာ မဲခွဲဆုံးဖြတ်ရန် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly