လက်ဝှေ့သမား ဖိုးသော် ဆေးကုသမှု ခံယူနေစဉ်မှာ စစ်ကောင်စီတပ်တွေ လာရောက်ဖမ်းခေါ်သွား

လက်ဝှေ့သမား ဖိုးသော် ဆေးကုသမှု ခံယူနေစဉ်မှာ စစ်ကောင်စီတပ်တွေ လာရောက်ဖမ်းခေါ်သွား

မေ ၆

MMA လက်ဝှေ့သမား ဖိုးသော် ခွဲစိတ်ကုသမှု ခံယူနေစဉ်မှာ စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းခေါ်သွားတယ်လို့ သူနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

“မီးလောင်ဒဏ်ရာတွေကို ခွဲစိတ်ခန်းဝင်ပြီး ခွဲစိတ်ပြီးတဲ့အခါမှာ ၊ မနက် သုံးနာရီလောက်မှာ ခွေးတွေလာခေါ်သွားတယ်၊စစ်ဆေးရုံပဲခေါ်သွားလား ၊ ဘယ်ကိုခေါ်လဲတော့ မသိဘူး ၊ မြောက်ဥက္ကလာဆေးရုံမှာ သူမရှိတော့ဘူးလို့ “ သူ့မိတ်ဆွေတစ်ဦးက မဇ္စျိမကို ပြောပါတယ်။

မေလ ၅ရက်ညက ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ Utopia Tower ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဲ့ဒီ တာဝါမှာ ဖိုးသော်က MMAသင်တန်း နှင့် အားကစားခန်းမ (GYM)ဖွင့်ထားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly