Miss Universe 2015 ပြိုင်ပွဲအတွက် မေဘရဏီသော် အမေရိကန် နိုင်ငံသို့ ထွက်ခွာ

Miss Universe 2015 ပြိုင်ပွဲအတွက် မေဘရဏီသော် အမေရိကန် နိုင်ငံသို့ ထွက်ခွာ

ရန်ကုန်၊ ဒီဇင်ဘာ ၁ ။         ။ အမေရိကန်နိုင်ငံ Las Vegas တွင် ကျင်းပမည့် Miss Universe 2015 ပြိုင်ပွဲတွင် Miss Universe Myanmar 2015 ဆုရရှိသူ မေဘရဏီသော်သည် ကယန်းလူမျိုး၏ ရိုးရာဝတ်စုံဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲအတွက် ဒီဇင်ဘာ ၁ရက်တွင် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်သည်။

Miss Universe ပြိုင်ပွဲ အတွက် Miss Universe Myanmar Organization မှ ရွေးချယ် စေလွှတ်ခဲ့ပြီး ယခု တစ်ခေါက် သည် တတိယအကြိမ်မြောက် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ် စေလွှတ်ခြင်း ဖြစ်သည်။

Miss Universe Myanmar 2015 မေဘရဏီသော်သည် အမေရိကန်နိုင်ငံသို့ မသွားရောက်မီ Miss Universe Myanmar 2016 ထက်ထက်ထွန်း နှင့်အတူ Miss Universe Myanmar Organization၏ စီစဉ်မှုဖြင့် ဖေဖော်ဝါရီ ၂၁ရက် မှ ၂၅ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြိုင်ပွဲအတွက် လိုအပ်သည့် Make up and hair training for doing by herself, Walk and Post, Dress up, Personality and confidence များကို သွားရောက် သင်ကြားခဲ့ပြီး ဖြစ်သည်။

အလှမယ် မေဘရဏီသော် အတွက် National Costume နှင့် Evening Gown များကို ဒီဇိုင်နာ မင်းသက်စံ (Sweet&Smart ) မှ ဖန်တီး ပေးထားပြီး မြန်မာ ဝတ်စုံများကို ဒီဇိုင်နာ ငြိမ်းကို (Chic&chic) နှင့် Casual wear များကို ဒီဇိုင်နာ ရွှန်းလတ်ပိုင် တို့မှ ပံ့ပိုး ပေးထားသည်။

မေဘရဏီသော် ၏ နိုင်ငံ ကိုယ်စားပြု ဝတ်စုံကို ဒီဇိုင်နာ မင်းသက်စံ (Sweet&Smart ) မှ မြန်မာ တိုင်းရင်းသားထဲမှ ချစ်စရာ ကောင်းပြီး မြန်မာနိုင်ငံ၏ လူမျိုးစု ဖြစ်သည့် ကယန်းလူမျိုး၏ ရိုးရာ ဝတ်စုံကို ဖန်တီး ပေးထားသည်။

ထိုဝတ်စုံတွင်  ကြေးထည်၊ ကျောက်စိမ်း၊ မြန်မာနိုင်ငံ ပြေပုံ့လေးများ စီရီထိုးထားသည့် အပေါ်အင်္ကျီ၊ ရွှေစစ်ချထားသည့် ဘင်ဂျို၊ ရွှေစီးကွင့်များနှင့် တီထွင်ထုံးဖွဲ့ထားသည့် ဆံထုံး နှင့် ဆံပင်အားလုံးကို အနုစိတ် လက်မှုပညာများနှင့်သာ တီထွင် ပေးထားသည်။

ခေါင်းတွင် ပန်မည့် ဆံထိုးနှင့် ပန်းကို ကျောက်စိမ်း နှင့် မဟူရာ တွဲဖက် တီထွင်ပေးထားပြီး မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံကို ရိုးရာမူမပျက် တီထွင်ဖန်တီးပေးထားသည်။

Miss Universe Myanmar Organization မှ ရုရှားနိုင်ငံ မော်စကို မြို့တွင် ပြုလုပ်သည့် Miss Universe 2013 ပြိုင်ပွဲသို့ အလှမယ် မိုးစက်ဝိုင်ကို စေလွှတ်ခဲ့ပြီး ၂၀၁၄ ခုနှစ် အတွက် အမေရိကန် နိုင်ငံတွင် ပြုလုပ်သည့် Miss Universe 2014 ပြိုင်ပွဲကို အလှမယ် သျှားထွဋ်အိန္ဒြာမှ ဝင်ရောက် ယှဉ်ပြိုင် ခဲ့သည်။

အမေရိကန်နိုင်ငံ Las Vegas တွင် ကျင်းပမည့် Miss Universe 2015 ပြိုင်ပွဲကို ဒီဇင်ဘာ ၂၀ရက်တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု အနေဖြင့် Miss Universe Myanmar 2015 ဆုရရှိသူ မေဘရဏီသော်က ဝင်ရောက် ယှဉ်ပြိုင်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly