အာရှပစိဖိတ်တွင် AIDS ဖြင့် သေဆုံးသူ ဆယ်ကျော်သက် ဦးရေနှစ်ဆကျော် တက်လာ

အာရှပစိဖိတ်တွင် AIDS ဖြင့် သေဆုံးသူ ဆယ်ကျော်သက် ဦးရေနှစ်ဆကျော် တက်လာ

အာရှပစိဖိတ်ဒေသတွင် အေအိုင်ဒီအက်စ်ဖြင့် သေဆုံးသူ ဆယ်ကျော်သက်ဦးရေသည် ၂၀၀၅ ခုနှစ်ကစပြီး နှစ်ဆကျော်တက်လာကြောင်း ပညာရှင်များက နိုဝင်ဘာ ၃၀ ရက်က ပြောသည်။

အာရှနိုင်ငံများအနေဖြင့် ဆယ်ကျော်သက်များ ရောဂါစစ်ဆေးခြင်းကို မြှင့်တင်ပေးဖို့ လိုကြောင်း၊ လူငယ်အများစုက အိတ်ချ်အိုင်ဗီပိုးရှိမရှိ မသိရှိထားကြကြောင်း၊ စစ်ဆေးရန်အတွက်ဆို မိဘဖြစ်သူများ ခွင့်ပြုချက်လို၍ ဖြစ်ကြောင်း ယူနီဆက်ဖ်က သတိပေးသည်။

အာရှပစိဖိတ်ဒေသတွင် အရွယ်ရောက်ပြီး လူကြီးများ အေအိုင်ဒီအက်စ်ဖြစ်ပွားမှုအရေအတွက်က ၂၀၀၀ နှင့် ၂၀၁၄ ခုနှစ်ကြား ၃၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အေအိုင်ဒီအက်စ်ကြောင့် သေဆုံးသူဦးရေ လည်း ၂၀၀၅ မှ ၂၀၁၄ ခုနှစ်အတွင်း ၂၈ ရာခိုင်နှုန်း ကျဆင်းသည်။

သို့သော် ပြီးခဲ့သည့်နှစ်က ယင်းဒေသတွင် ရောဂါကူးစက်ခံရသူ ခုနစ်ဦးလျှင် တစ်ဦးနှုန်းက အသက် ၁၅နှစ်မှ ၁၉ နှစ်ကြား လူငယ်ဆယ်ကျော်သက်အရွယ်များဖြစ်ကြောင်း တွေ့ရှိရသည်။ အသက် ၁၀နှစ်မှ ၁၉ နှစ်ကြား ဆယ်ကျော်သက်များတွင် အေအိုင်ဒီအက်စ်ကြောင့် သေဆုံးသူဦးရေက ၂၀၀၅ ခုနှစ်က ၃၁၀၀ သာ ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၁၁၀ ရာခိုင်နှုန်းမြင့်တက်ပြီး ၆၆၀၀ ဦးရေရှိလာခဲ့ကြောင်း နိုဝင်ဘာ ၃၀ ရက်က ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

ဆယ်ကျော်သက်များတွင် ရောဂါဖြစ်ပွားမှု မြင့်မားသည့်က လိင်တူဆက်ဆံသူ၊ လိင်ပြောင်းသူ၊ မူးယစ်ဆေးသုံးသူနှင့် လိင်ဖျော်ဖြေရေးလုပ်ကိုင်သူများက ရောဂါဖြစ်ပွားမှု အန္တရာယ်မြင့်မားကြသည်။

"ဒါကပထမဆုံးပါပဲ။ ဆယ်ကျော်သက်တွေ အသက် ၁၀ မှ ၁၉ နှစ်ကြားကို တိုင်းတာထုတ်ပြန်တဲ့ ပထမဆုံး အစီရင်ခံစာပဲဖြစ်ပါတယ်။"ဟု ယူနီဆက်မှ အိတ်ချ်အိုင်ဗီနှင့် အေအိုင်ဒီအက်စ် ဆိုင်ရာ ဒေသတွင်း အကြံပေးပုဂ္ဂိုလ် Wing-Sie Cheng ကပြောခဲ့သည်။

Ref : CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly