နိုင်ငံတကာ ချန်ပီယံဆုဖလားများ ရရန် ကြိုးစားမည်ဟု MIC အသင်း နည်းပြ ပြော

နိုင်ငံတကာ ချန်ပီယံဆုဖလားများ ရရန် ကြိုးစားမည်ဟု MIC အသင်း နည်းပြ ပြော
အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲတွင် တတိယဆုရ MIC အသင်း။ (ဓာတ်ပုံ - MIC)

ဒီဇင်ဘာ ၁၊ ရန်ကုန် ။         ။ ၂၀၁၅ အာဆီယံ ဖူဆယ်ကလပ်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် MIC ဖူဆယ်ဘောလုံးအသင်းအနေဖြင့်   လာမည့်နှစ်များတွင် ကျင်းပမည့်နိုင်ငံတကာ ပြိုင်ပွဲများတွင် ချန်ပီယံဆုဖလားရရှိသည်အထိ ကြိုးပမ်းသွားမည်ဟု အသင်း နည်းပြ ဦးသန်းဝဏ္ဏအောင်က ပြောသည်။

MIC ဖူဆယ်ဘောလုံးအသင်းသည် ၂၀၁၅ အာဆီယံ ဖူဆယ်ကလပ်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု ကလပ်အသင်းအဖြစ် ဝင်ပြိုင်ခဲ့ပြီး ပြိုင်ပွဲ၌ တတိယဆုနှင့်အတူ အသန့်ရှင်းဆုံး အသင်းဆုပါ ရရှိခဲ့သည်။ MIC အသင်းသည် အုပ်စုပတ်လည်ပွဲစဉ်တွင် သုံးပွဲ သရေ၊ တစ်ပွဲ ရှုံးနိမ့်ခဲ့သဖြင့် တတိယနေရာလုပွဲကစားခွင့်ရရှိခဲ့သည်။ တတိယနေရာလုပွဲ တွင် သြစတြေးလျကလပ် East Coast Heat အသင်းကို ၄-၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး တတိယဆုရရှိခဲ့ခြင်းဖြစ်သည်။

'အရင်တုန်းက ပြောခဲ့သလိုပါပဲ။ ပြည်တွင်းဖလားတွေရယူပြီးတော့ အခု ပြည်ပဆုတံဆိပ်၊ နောက်ပြီး ပြည်ပဒိုင်းဆုရအောင် ဆက်ကြိုးစားဦးမှာပါ။ ဝါးလုံးခေါင်းထဲမှာ လသာနေတာမဟုတ်တော့ပါဘူး။ ကစားသမား အုပ်ချုပ်နည်းပြအဖွဲ့ဝင်များ အားပေးသူပရိတ်သတ်များနဲ့ အသင်းပိုင်ရှင် အားလုံးကိုကျေးဇူးအထူးပါ'ဟု MIC အသင်းနည်းပြ ဦးသန်းဝဏ္ဏအောင်က ပြောသည်။ ၂၀၁၅ အာဆီယံ ဖူဆယ် ကလပ်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ၏ ပြိုင်ပွဲကျင်းပသည့်ပုံစံမှာ ထိုင်း၊ မလေးရှား၊ သြစတြေးလျ၊ ဗီယက်နမ်၊ မြန်မာစသည့် နိုင်ငံ ငါးနိုင်ငံ ဖိတ်ခေါ်ကာ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲပုံစံမျိုး ကျင်းပခဲ့ခြင်းဖြစ် သည်။ နိုင်ငံ ငါးနိုင်ငံဝင်ပြိုင်ခဲ့သော အဆိုပါပြိုင်ပွဲတွင် MIC အသင်းအနေဖြင့် တတိယဆုနှင့်အတူ အသန့်ရှင်းဆုံးဆုကို နိုင်ငံအတွက် ရယူပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly