ဆော်ဒီအပြောင်းအလဲ အမျိုးသမီး ၉၀၀ အစိုးရရာထူးများအတွက် အရွေးခံမည်

ဆော်ဒီအပြောင်းအလဲ အမျိုးသမီး ၉၀၀ အစိုးရရာထူးများအတွက် အရွေးခံမည်

ရီယာ့ဒ်၊ ဒီဇင်ဘာ - ၁ ။          ။ ဘုရင့်နိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဆော်ဒီအာရေဗျနိုင်ငံတွင် အမျိုးသမီး ၉၀၀ကျော်မှာ အစိုးရရုံးရာထူးများအတွက် မဲဆွယ်စည်းရုံးနေကြသည်။

ယခုကွယ်လွန်သွားပြီဖြစ်သည့် ဘုရင် အဗ္ဗဒူလာ၏ ၂၀၁၁ခုနှစ် အမိန့်အရ အမျိုးသမီးများကို ရှေးရိုးစွဲလွန် စွန်နီဘုရင့်နိုင်ငံ၏ နိုင်ငံရေးနယ်ပယ်တွင် အခွင့်အရေးတချို့ ပေးလာခဲ့သောကြောင့် ဒီဇင်ဘာ ၁၂ရက် မြူနီစပါယ်ရွေးကောက်ပွဲမှာ ဆော်ဒီအမျိုးသမီးများစ မဲပေးခွင့် (သို့မဟုတ်) အရွေးခံခွင့်ရှိသည့် ပထမဆုံးအခွင့်အရေးပင် ဖြစ်သည်။

အမျိုးသမီးများမှာ မြူနီစပါယ်အဆင့် ရွေးကောက်ပွဲများတွင်သာ ပါဝင်ခွင့်ရမည်ဖြစ်သောကြောင့် အပြောင်းအလဲမှာ သိပ်ပြီးအရေးမပါလှဟု ဝေဖန်သူများကို ပြောကြားကြသည်။

အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ နှစ်ယောက်ခန့်က ၎င်းတို့မှာ အစိုးရရာထူများအတွက် မသင့်တော်ဟု သတ်မှတ်ခံလာခဲ့ရကြောင်း တွစ်တာတွင် ကြေညာခဲ့သည်။  

ယမန်နှစ်က အမျိုးသမီးယာဉ်မောင်းများကို ပိတ်ပင်မှုကို အာခံသည့်အတွက် အဖမ်းခံခဲ့ရသည့် လူဂျာမင် ဟက်လိုးနှင့် နာဆီမာ အယ်လ်ဆာဒါတို့နှစ်ဦးက နောက်ဆုံးရာထူးစာရင်းတွင် ၎င်းတို့၏ နာမည်များကို ချန်လှပ်ခံခဲ့ရသောကြောင့် အသနားခံရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သည့် သုံးလက ဆော်ဒီအမျိုးသမီးများကို ပထမဆုံးအကြိမ်အဖြစ် မဲပေးရန် မှတ်ပုံတင်ခွင့် ပြုလာ ခဲ့သည်။

ရွေးကောက်ပွဲများ ကျင်းပလာခဲ့သော်လည်း နိုင်ငံမှာ ဆောက်မိသားစုက အုပ်ချုပ်သည့် အကြွင်းမဲ့ဘုရင်စနစ်အဖြစ်သာ ရှိနေသေးပြီး စွန်နီအစ္စလာမ်ဘာသာ၏ တင်းကျပ်သော ဝါဟာဘီစည်းမျဉ်းများ အတိုင်း အုပ်ချုပ်နေသည်။

ဤအုပ်ချုပ်ရေးစနစ်မှာ အမျိုးသမီးများကို လွတ်လပ်ခွင့် မဆိုစလောက်သာပေးသည့် တရားမဝင်မဟုတ်သော်လည်း ထူထောင်ခိုင်မာနေသည့် အုပ်ထိန်းသူစနစ်ပင်ဖြစ်ပြီး အမျိုးသမီးများအား ကားမောင်းခွင့် ပိတ်ပင်ထားသလို၊ အမျိုးသားအုပ်ထိန်းမှုမပါဘဲ ကျောင်း (သို့မဟုတ်) ခရီးသွားလာခွင့်မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly