ကမ္ဘာလှည့်ဖျော်ဖြေရေး လုပ်ဆောင်သွားမည်ဟု အဒဲလ် ကြေညာ

ကမ္ဘာလှည့်ဖျော်ဖြေရေး လုပ်ဆောင်သွားမည်ဟု အဒဲလ် ကြေညာ

ကမ္ဘာကျော် အဆိုတော် အဒဲလ်က ၂၀၁၆ ခုနှစ်တွင် ဗြိတိန်နှင့် ဥရောပ ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ်ကို စတင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းဖျော်ဖြေပွဲသည် ၂၀၁၁ ခုနှစ် နောက်ပိုင်းမှစ၍  အဒဲလ်၏ ပထမဆုံးဖျော်ဖြေပွဲဖြစ်သည်။

အဒဲလ်သည် လာမယ့်နှစ် ဖေဖော်ဝါရီလတွင် ဘဲလ်ဖက်စ်မြို့၌ ဖျော်ဖြေပွဲ စတင်သွားမည်ဖြစ်ပြီး ဥရောပသို့ မသွားမီ ဒူဘိုင်း၊ မန်ချက်စတာ၊ လန်ဒန် ၊ ဂလက်စ်ဂိုးနှင့် ဘာမင်ဟမ်တို့သို့ သွားရောက်ဖျော်ဖြေမည်ဖြစ်သည်။

ဗြိတိန်ဖျော်ဖြေရေးပွဲအတွက် လက်မှတ်များကို ဒီဇင်ဘာ ၁ ရက်တွင် အဒဲလ်၏ ဝက်ဆိုက်ဘ် အဖွဲ့ဝင်များသို့ ရောင်းချပေးသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၄ ရက်တွင် ပရိတ်သတ်အားလုံးကို ရောင်းချပေးသွားမည်ဖြစ်သည်။

အဒဲလ်၏ တတိယမြောက် တေးသီချင်းအယ်လ်ဘမ် 25 သည် ဗြိတိန်နိုင်ငံတွင် ခြောက်ရက်အတွင်း အချပ်ရေ ၇၃၇ ၀၀၀ ရောင်းချခဲ့ရပြီး နိုဝင်ဘာ၂၀ ရက်က ထွက်ရှိခဲ့ပြီးသည့် အချိန်မှစ၍ အမေရိကန်ပြည်ထောင်စုတွင် အချပ်ရေ သုံးသန်း ရောင်းချခဲ့ရသည်။

အဒဲလ်၏ 25 တေးသီချင်းအယ်လ်ဘမ်သည် ဗြိတိန်တေးသီချင်းဇယားတွင် ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်အဖြစ် စံချိန်သစ်တင်ခဲ့ပြီးနောက် ကမ္ဘာလှည့်ဖျော်ဖြေရေးခရီး လုပ်ဆောင်သွားမည်ဟူသော ကြေညာချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သော အဒဲလ်၏နောက်ဆုံး ဖျော်ဖြေပွဲသည် အသံအိုးတွင် သွေးယိုစိမ့်မှုကြောင့် အဆုံးသတ်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags