အိမ်ယာဖွံ့ဖြိုးရေးအတွက် အဆောက်အဦး ၅၅၈ လုံးဆောက်လုပ်

အိမ်ယာဖွံ့ဖြိုးရေးအတွက် အဆောက်အဦး ၅၅၈ လုံးဆောက်လုပ်
ရန်ကုန်မြို့ လှိူင်မြို့နယ် အင်းစိန်လမ်းမကြီးရှိ Capital Development Limited မှ ဆောက်လုပ်လျှက်ရှိသော The Gems Garden Condominiums ဆောက်လုပ်နေသည့် လုပ်ငန်းခွင်အတွင်း အလုပ်သမားများအား ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္စျိမ)

နေပြည်တော်၊နိုဝင်ဘာ၂၇ ။           ။ အစိုးရအနေဖြင့် အိမ်ယာများဖွံ့ဖြိုးရန်အတွက် ယခုဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး တွင် ၅၂၇ လုံး နှင့်အခြားတိုင်းဒေသကြီး ပြည်နယ်များ၌ ၃၁ လုံးတည်ဆောက်လျက်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ တည်ဆောက်ဆဲ အဆောက်အဦး(၅၅၈)လုံးတွင် တန်ဖိုးသင့်၊တန်ဖိုးနည်း၊တန်ဖိုးမြင့်အိမ် ရာ များဝင်ပြီး  အားလုံးတည်ဆောက်ပြီးဆီးပါက တန်းဖိုးသင့်အခန်းရေအတွက်(၆၈၂၉)ခန်း၊တန်ဖိုးနည် အခန်အ ရေအတွက်(၁၁၁၆၀)ခန်းနှင့် တန်းဖိုးမြင့်အခန်းအရေအတွက်(၄၃၈၂)ခန်းရရှိမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန သိရသည်။    

“တန်ဖိုးနည်းအိမ်ရာ၊တန်းဖိုးသင့်အိမ်ရာ၊တန်ဖိုးမြင့်အိမ်ရာတွေ  ဒီလိုဟာတွေကိုတည်ဆောက်ပြီးတော့ အငှားချတာလည်းရှိမယ်၊အပြတ်ရောင်းချတဲ့စနစ်လဲရှိမယ် ပြီးရင် အရစ်ကျပေချေစနစ်နဲ့ ကျွန်တော်တို့မှာဘဏ် နဲ့ချိတ်ဆက်ပြီတော့ ရောင်းတာရှိမယ်“ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။                      

အဆိုပါ ဆောက်ရွက်ဆဲ အိမ်ရားစီမံကိန်များကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ပုဂ္ဂလိကဆောက်လုပ် ရေးကုမ္မဏီများနှင့် အကျိုးတူတည်ဆောက်လျှက်ရှိကြောင်းသိရပြီး အဆောက်အဦးအလုံးရေ (၃၀၀)ရောကျော် သည် မြေပြင်ရှင်းလင်းမှု ပြီးစီးသည့် အဆင့်သာရှိသေးကြောင်းယင်းဌာနမှတာဝန်ရှိသူတစ်ဦးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly