ဆီးရီးယားတွင် မြေပြင်တပ်ဖွဲ့ဝင်ဒါဇင်ပေါင်းများစွာကို အမေရိကန်ချထားပြီ

ဆီးရီးယားတွင် မြေပြင်တပ်ဖွဲ့ဝင်ဒါဇင်ပေါင်းများစွာကို အမေရိကန်ချထားပြီ

ဝါရှင်တန်၊ နိုဝင်ဘာ ၂၇ ။          ။ အမေရိကန်သည် ၎င်း၏မြေပြင်တပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာကို ဆီးရီးယားတွင် ချထားလိုက်ပြီး အိုင်အက်စ်အကြမ်းဖက်သမားများကို တိုက်ခိုက်နေသော ကာ့ဒ် တပ်ဖွဲ့ဝင်များကို ကူညီရန်ဖြစ်သည်ဟု ပြောကြားလိုက်သည်။

လွန်ခဲ့သည့်နှစ်ရက်အတွင်းက အမေရိကန်စစ်သား ၃၀သည် ဆီးရီးယားမြောက်ပိုင်းရှိ ကိုဘိန်းမြို့သို့ ရောက်ရှိခဲ့သည်ဟု ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က နိုဝင်ဘာ ၂၆တွင် ပြောကြား ခဲ့သည်ဟု အေအက်ဖ်ပီက အစီရင်ခံခဲ့သည်။ ၎င်းတပ်ဖွဲ့ဝင်များသည် ဆီးရီးယားမြို့နှစ်မြို့ဖြစ်သည့် ဂျာရက်ဘလပ်စ်နှင့် ရာကာတို့တွင် အိုင်အက်စ်တို့ကို တိုက်ခိုက်ရာတွင် ကူညီမည်ဟု ဆိုသည်။

အမေရိကန်တပ်ဖွဲ့ဝင် ၂၀ခန့်သည် ဆီးရီးယားအရှေ့ပိုင်းရှိ ဟာဆာကက်ပြည်နယ်သို့ ရောက်ရှိခဲ့သည်ဟု ကာ့ဒ်သတင်းရင်းမြစ်များကလည်း ကြေညာခဲ့သည်။ အိုင်အက်စ်တို့ကို တိုက်ခိုက်နေသော စစ်သွေးကြွများကို လေ့ကျင့်ပေးရန်၊ အကြံပေးရန်နှင့် ကူညီရန် ဆီးရီးယားသို့ အမေရိကန်အထူးတပ်ဖွဲ့ဝင် ၅၀ခန့် ဝါရှင်တန်က စေလွှတ်မည်ဖြစ်ကြောင်း အိုဘားမားအစိုးရအဖွဲ့မှ အကြီးတန်းအရာရှိ များက အောက်တိုဘာ ၃၀က ပြောကြားထားသည်။

ယင်းသို့ မြေပြင်တပ်ဖွဲ့ဝင်များစေလွှတ်ခြင်းက အမေရိကန်၏ မဟာဗျူဟာကို ပြောင်းလဲခြင်းမဟုတ်ဘဲ စစ်ဆင်ရေးအရှိန်မြင့်လာသည့်သဘောဖြစ်သည်ဟု ထိပ်တန်းအရာရှိတစ်ဦးက ဘီဘီစီသို့ ပြော ကြားခဲ့သည်။ ဆီးရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင်များရှိနေခြင်းက ဆီးရီးယားအစိုးရ၏ ခွင့်ပြုချက်လိုနေသည်။ ယင်းသို့တပ်ဖွဲ့ဝင်များရှိနေခြင်းက ၎င်း၏အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ် သည်ဟု ဒမတ်စကပ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly