ဂျပန်အနီး တရုတ်က လေတပ်စစ်ရေး လေ့ကျင့်မှုများပြုလုပ်ပြန်

ဂျပန်အနီး တရုတ်က လေတပ်စစ်ရေး လေ့ကျင့်မှုများပြုလုပ်ပြန်

ပေကျင်း၊နိုဝင်ဘာ ၂၇ ။             ။ တရုတ်လေတပ်၏ ဗုံးကြဲလေယာဉ်များနှင့် အခြားဂျက်တိုက်လေယာဉ်များသည် ဂျပန်ကျွန်းများကြား ရေလက်ကြားကိုဖြတ်လျက် အနောက်ပစိဖိတ်ရှိ လေ့ကျင့်ရာသို့ သွားရောက်ခဲ့ပြီး အရှေ့တရုတ်ပင်လယ်ရှိ တရုတ်၏လေကြောင်းပိုင်နက်ဇုန်တွင် ကင်းလှည့်မှုပြုလုပ်ခဲ့သည်ဟု တရုတ်လေတပ်က နိုဝင်ဘာ ၂၇ တွင်ပြောကြားခဲ့သည်။

"ပင်လယ်ပြင်မှာရှိတဲ့ ဝေးလံတဲ့အရပ်တွေမှာ လေတပ်ရဲ့တိုက်ခိုက်ရေးစွမ်းရည်ကို မြင့်တင်တဲ့အနေနဲ့ ဒီနှစ်ထဲမှာ လေတပ်က အနောက်ပစိဖိတ်မှာ   လေ့ကျင့်မှုလုပ်တာ လေးကြိမ်ရှိပါပြီ"ဟု   လေတပ်၏မိုက္ကရိုဘလော့ရှိ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

တရုတ်လို တျောင်ယု ဂျပန်အခေါ် ဆင်ကာကူဟု ခေါ်ဆိုသည့် အရှေ့တရုတ်ပင်လယ်ရှိကျွန်းများနှင့် ပတ်သက်၍ ကာလကြာရှည်ပိုင်နက်အငြင်းပွားမှုကြောင့် တရုတ်-ဂျပန်ဆက်ဆံရေးမှာ တင်းမာလျက်ရှိသည်။

အတိတ်စစ်တွင်းကာလက ကျူးလွန်မှုများအတွက် ဂျပန်က ငြင်းပယ်မှုကို တရုတ်ကရှုမြင်သည့်အပေါ် နှစ်နိုင်ငံကြား ပဋိပက္ခဖြစ်လျက်ရှိသည်။ တရုတ်လေယာဉ်များသည် ဂျပန်၏ မီယာကိုနှင့် အိုကီနာဝါကျွန်းများကြား မီယာကိုရေလက်ကြားပေါ်ဖြတ်လျက် ပျံသန်းပြီးနောက် လေ့ကျင့်မှုများပြုလုပ်ခဲ့သည်ဟု လေတပ်၏ကြေညာချက်တွင် ဖော်ပြသည်။

လေ့ကျင့်မှုတွင် H-6 ဗုံးကြဲလေယာဉ်များပါဝင်နေသည့် ပုံများကိုပြသခဲ့သည်။ ထို့အပြင် တိုက်လေယာဉ်များနှင့် ကင်းလှည့်မှုများပြုလုပ်ခဲ့သည့်အပြင်

အရှေ့တရုတ်ပင်လယ်ရှိတရုတ်လေကြောင်းပိုင်နက်ဇုန်အတွင်းရှိ လေယာဉ်များကိုလည်း အစောပိုင်းက သတိပေးခဲ့သည်။

လေ့ကျင့်မှုများမှာ ပုံမှန်ပြုလုပ်ခြင်းဖြစ်ပြီး တရုတ်အနေဖြင့် နိုင်ငံတကာထုံးစံနှင့် အညီဆက်လက်ပြုလုပ်သွားမည်ဟုလည်း ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။ တရုတ်အရှေ့ပိုင်းမှ ပစိဖိတ်သမုဒ္ဒရာသို့သွားရာ လမ်းကြောင်းတစ်ခုအဖြစ် စစ်ရေးအရ အဓိကကျသည့် မဟာဗျူဟာလမ်းကြောင်းတစ်ခုအဖြစ် မိယာကိုရေလက်ကြားကို တရုတ်ရေတပ်က အသုံးပြုလေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly