ဖိလစ်ပိုင်၏ ဘမ်ဘူးခရိကျွန်းတွင် ပျိုဖော်ဝင်မိန်းကလေး ၂၅ရာခိုင်နှုန်းမှာ ကိုယ်ဝန်ဆောင်သို့မဟုတ် မိခင်ဖြစ်နေ

ဖိလစ်ပိုင်၏ ဘမ်ဘူးခရိကျွန်းတွင် ပျိုဖော်ဝင်မိန်းကလေး ၂၅ရာခိုင်နှုန်းမှာ ကိုယ်ဝန်ဆောင်သို့မဟုတ် မိခင်ဖြစ်နေ

အသက် ၁၄နှစ်အရွယ် အာရှေရိန်ကဲ့သို့ မိန်းကလေးအများစုမှာ ကျောင်းသွားရမည့်အစား ၎င်းတို့၏ တစ်နှစ်သား သားငယ်ကိုသာ ပြုစုနေရသည်။

သူမ၏သားဖြစ်သူ အာတောင်မှာ တစ်ကိုယ်လုံးဒဏ်ရာများဖြင့် မွေးဖွားလာပြီး ခေါင်းတွင်လည်း အနာများယဉ်းနေသည်က တစ်နှစ်ကြာနေပြီဖြစ်သည်။ ယင်းသို့အခြေအနေများမှာ ဆယ်ကျော်သက် မိခင်များမွေးဖွားသော ကလေးများတွင် ဖြစ်တတ်သော ကျန်းမာရေးဆိုင်ရာနောက်တိုးရောဂါဖြစ်သည်။

အာရှေရိန်မှာ ဖိလစ်ပိုင်ရှိ ဘမ်ဘူးခရိကျွန်းတွေနေထိုင်သည်။ ၎င်းကျွန်းက ပျိုဖော်ဝင်စအရွယ်မိန်းကလေးများ ကိုယ်ဝန်ဆောင်နှုန်းအမြင့်ဆုံးကျွန်းတစ်ကျွန်းဖြစ်သည်။ အာရှေရိန်သည် ၎င်းကျွန်းပေါ်တွင် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင် သို့မဟုတ် မိခင်ဖြစ်နေသော မိန်းကလေး ၂၅ ရာခိုင်နှုန်းထဲမှ တစ်ဦးဖြစ်သည်။

အသက် ၁၄ နှစ်အရွယ် အာရှေရိန်သည် ၎င်း ၁၂ နှစ်အရွယ်တွင် စာသားမက်ဆေ့ပေးပို့မှုမှတဆင့် ရည်းစားဖြစ်သူ အာဂျွန်နှင့် တွေ့ခဲ့သည်။ ၎င်းတို့က အသက် ၁၃ နှစ်မပြည့်မီ လိင်ဆက်ဆံခဲ့ကြသည်။ အာရှေရိန်မှာ အသက် ၁၃နှစ်ပြည့်ပြီးနောက် ကိုယ်ဝန်ရှိလာခဲ့သည်။ သို့သော်လည်း ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှု၏ အခက်အခဲများကို မကြာခင် ၎င်းတို့စုံတွဲ သိရှိလာခဲ့သည်။

"ကိုယ်ဝန်ပထမသုံးလအတွင်းမှာ ကျမ ခဏခဏဖျားတယ်။ အများကြီးအန်တယ်။ ဗိုက်အရမ်းနာလို့ ဆေးရုံကို အပြေးသွားရတဲ့အထိ အရမ်းဆိုးတယ်။ ဗိုက်ထဲမှာ မအီမသာနဲ့ နာတယ်။ ဒါပေမဲ့ ကျမ ကြိတ်မှိတ်ခံခဲ့တယ်"ဟု အာရှေရိန်က ပြောသည်။

အာရှေရိန်၏ ကိုယ်ဝန်က အသက်ကိုပင် ရန်ရှာနိုင်သည်။ ဖွံ့ဖြိုးဆဲဆယ်ကျော်သက်မိန်းကလေးတစ်ဦး၏ ခန္ဓာကိုယ်မှာ ကလေးတစ်ဦးကို ကိုယ်ဝန်ဆောင်ရန် အဆင်သင့် မဖြစ်သေးသဖြင့် ကိုယ်ဝန်ဆောင်ဆယ်ကျော်သက်တစ်ဦး၏ သေဆုံးနိုင်သည့် အလားအလားမှာ အပုံ၂၅၀လျင် တစ်ပုံရှိသည်။

အာရှေရိန်မှာ ခက်ခဲသည့်ကိုယ်ဝန်မှ ရှင်သန်ခဲ့သည်။ သို့သော်လည်း နာကျင်ပြင်းထန်စွာမွေးဖွားခဲ့ရသည်။ သို့သော်လည်း ယင်းမှာ ပြသနာများ၏ အဆုံးသတ်မဟုတ်သေးပေ။

၎င်း၏သားငယ်အာတောင်မှာ ယဉ်းနေသည့်အနာများအပြင် အာဟာရချို့တဲ့စွာမွေးဖွားခဲ့သည်။ ထို့အပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများလည်းရှိနေသည်။

ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးက ခက်ခဲသဖြင့် မိဘများက ၎င်းအား ဆရာဝန်ဆီများသို့ ခေါ်မသွားနိုင်သေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly