ဖွံ့ဖြိုးဆဲနိုင်ငံများကို စင်ကာပူက ပေါ်ပေါ်ထင်ထင်မလုပ်ဘဲ ကူညီနေ

ဖွံ့ဖြိုးဆဲနိုင်ငံများကို စင်ကာပူက ပေါ်ပေါ်ထင်ထင်မလုပ်ဘဲ ကူညီနေ

စင်ကာပူ၊ နိုဝင်ဘာ ၂၇ ။              ။ စင်ကာပူသည် ရာသီဥတုပြောင်းလဲခြင်းခြိမ်းခြောက်မှုများကို ကိုင်တွယ်နိုင်ရန် လူသားရင်းမြစ်စွမ်းရည် တည်ဆောက်ရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများကို   ပေါ်ပေါ်ထင်ထင်မလုပ်ဘဲ ကူညီလျက်ရှိသည်ဟု စင်ကာပူ၏ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ညိနှိုင်းရေးမှူးချုပ် ကုတ်ဖွတ်ဆိုင်က ပြောသည်။ ထို့အပြင် ငွေကြေးကူညီခြင်းထက် အတတ်ပညာမျှဝေခြင်းက ပို၍ထိရောက်သည်ဟုလည်း ၎င်းကဆိုသည်။

စင်ကာပူအနေဖြင့် ၎င်းတို့၏ကူညီမှုအတွက် အပေးအယူလုပ်ခြင်း သို့မဟုတ် ပြန်လည်ရရှိမှုကို မမျှော်လင့်ကြောင်း တူဒေးနှင့် ပြုလုပ်သော အီးမေးလ်နှင့် အင်တာဗျူးတွင် သံအမတ်ကုတ်က ဆိုသည်။

"နိုင်ငံလေးတစ်ခုအနေနဲ့ ကျွန်တော်တို့က လှူတမ်းမှုလက်ခံသူအပေါ် ဆက်ဆံရေးမျိုးတည်ဆောက်တဲ့ သမားရိုးကျချဉ်းကပ်မှုမျိုး မကျင့်သုံးပါဘူး"ဟု ၎င်းကဆိုသည်။

ထို့အပြင် စင်ကာပူသည် အတတ်ပညာကို မျှဝေလျက်ရှိပြီး စဉ်ဆက်မပြတ် မြို့ပြဖွံ့ဖြိုးရေး၊ ရေနှင့် သန့်ရှင်းရေးကဲ့သို့ သက်ဆိုင်ရာ နယ်ပယ်များတွင် စွမ်းဆောင်ရည်တည်ဆောက်ရေးတွင်လည်း ကူညီလျက်ရှိသည်ဟု ၎င်းကပြောသည်။

စင်ကာပူသည် အရှေ့တောင်အာရှမှ ပစိဖိတ်ကျွန်းများအထိ၊ အာဖရိကမှ လက်တင်အမေရိကအထိ ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၁၇၀ကျော်ကို စွမ်းဆောင်ရည်တည်ဆောက်မှုနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ   ပြသနာများကို ကိုင်တွယ်ရာတွင် ကူညီခဲ့သည်ဟု ၎င်းကထောက်ပြခဲ့သည်။

"စင်ကာပူရဲ့ကိုယ်ပိုင်ဖွံ့ဖြိုးရေးလမ်းကြောင်းကနေ ကျွန်တော်တို့ အခိုင်အမာယုံကြည်တာကတော့ ဒီချဉ်းကပ်မှုဟာ တိုက်ရိုက်ငွေကြေးပေးကမ်းတာထက် ပိုထိရောက်ပါတယ်"ဟု မစ္စတာကုတ်ကဆိုသည်။

ယနေ့အချိန်အထိ စင်ကာပူသည် ရာသီဥတုပြောင်းလဲရေးအစီအစဉ်များတစ်ခုတည်းအတွက်ပင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အရာရှိ ၁၁,၀၀၀နီးပါးကို လေ့ကျင့်ပေးခဲ့သည်ဟု ၎င်းကဆိုသည်။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် ကျယ်ပြန့်သည့် သက်ဆိုင်ရာနည်းပညာများကိုလည်း စင်ကာပူက ကမ်းလှမ်းထားသည်ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly