အိန္ဒိယတွင် သည်းမခံမှှုများ ကြီးထွားလာကြောင်း ပြောခဲ့သော PK မင်းသား Aamir Khan အား ခါးသီးစွာ တု့ံပြန်ခဲ့ကြ

အိန္ဒိယတွင် သည်းမခံမှှုများ ကြီးထွားလာကြောင်း ပြောခဲ့သော PK မင်းသား Aamir Khan အား ခါးသီးစွာ တု့ံပြန်ခဲ့ကြ

PK ဇာတ်ကား နှင့် 3 Idiots ဇာတ်ကားများထဲမှ နာမည်ကျော် ဘောလိဝု မင်းသား Aamir Khan က အိန္ဒိယနိုင်ငံတွင် “သည်းမခံမှှုများ ကြီးထွားလာကြောင်း” ပြောခဲ့ရာ၊ အိန္ဒိယမှ လူအများ၏ ခါးသီးစွာ တုံ့ပြန်မှှုများ ထွက်ပေါ်လာခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ကြောက်ရွံ့မှှုများ၊ မလုံခြုံမှှုများ နှင့် မျှော်လင့်ချက်မဲ့မှှုများ ပိုများလာကြောင်း Aamir Khan က သတင်းစာပညာ ဆုပေးပွဲ တစ်ခုတွင် ပြောခဲ့ပြီး၊ သူ၏ဇနီးဖြစ်သည့် ရုပ်ရှင်ထုတ်လုပ်သူ Kiran Rao နှင့် ဆွေးနွေးတိုင်ပင်သည့် အခါများတွင် Kiran က မိသားစုအနေဖြင့် နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့ရန်သင့်မသင့် စဉ်းစားမိကြောင်း ပြောခဲ့သည်ဟု Aamir Khan က ဆိုခဲ့ခြင်း ဖြစ်သည်။

“သူ့ရဲ့ ရင်သွေးအတွက် သူ စိုးရိမ်တာပါ။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် အနေအထားက ဘယ်လိုဖြစ်လာမှာလဲ ဆိုတာကို သူစိုးရိမ်တာပါ။ သတင်းစာ နေ့တိုင်း ဖွင့်ဖတ်ဖို့တောင် သူကြောက်နေတာပါ။ စိုးရိမ်သောက ခံစားချက်တွေ၊ မျှော်လင့်ချက်ကင်းမဲ့မှှုတွေ ပိုများလာကြပါတယ်” ဟု Khan က ဆိုခဲ့သည်။

“ဒါတွေ ဘာကြောင့် ဖြစ်နေရတာလဲ” ဟု လည်း Khan က မေးခွန်းထုတ်ခဲ့သေးသည်။ ထိုသို့ ဝေဖန်ပြောဆိုခဲ့သဖြင့် Khan ၏ အိမ်ရှေ့တွင် ဆန္ဒပြမှှုများ ပေါ်ပေါက်လာခဲ့သည်။

Khan ၏ မှတ်ချက်အပေါ် BJP ပါတီ နှင့် အိန္ဒိယရုပ်ရှင်လောက မှ အချို့ကလည်း အင်္ဂါနေ့က ပြင်းထန်စွာ ဝေဖန်ခဲ့ကြရာ၊ နောက်တစ်ရက်တွင်မူ မင်းသား Khan က “အိန္ဒိယနိုင်ငံသားတစ်ဦး ဖြစ်ရတာ ဂုဏ်ယူတဲ့အကြောင်း ကျွန်တော် ပြောချင်ပါတယ်” ဟု ဆိုခဲ့သည်။

မင်းသား Khan က “ကျွန်တော့်မှာရော ကျွန်တော့်ဇနီး Kiran မှာပါ ဒီနိုင်ငံကနေ ထွက်ခွာဖို့ စိတ်ကူး မရှိပါဘူး။ ဘယ်တုန်းကမှ အဲလိုစိတ်ကူး မရှိခဲ့ပါဘူး။ အနာဂတ်မှာလည်း ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ဆိုခဲ့သည်။

“ဆန့်ကျင်ဘက်တွေကို ပြောဆိုနေကြတဲ့သူတွေဟာ ကျွန်တော့်ရဲ့ အင်တာဗျူးကို ကိုယ်တိုင် မကြည့်ခဲ့ကြလို့ ဒါမှမဟုတ် ကျွန်တော်ပြောခဲ့တာကို တမင်ရည်ရွယ်ချက် ရှိရှိနဲ့ ပုံဖျက်ပစ်ဖို့ ကြိုးစားကြတာပါ” ဟုလည်း သူက ဆိုခဲ့သည်။

Ref: BBC, Zeenews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly