ဂျော့ကလိုနေး၊ ဂျွန်နီဒပ်နှင့် ဘရက်ဒ်လေကော့ပါးတို့ ပါဝင်သရုပ်ဆောင်ထားသော ဇာတ်ကားများ ၂၀၁၅ ခုနှစ်ရဲ့ အမြတ်အစွန်း မရရှိသော ဇာတ်ကားများအဖြစ် သတ်မှတ်ခံရ

ဂျော့ကလိုနေး၊ ဂျွန်နီဒပ်နှင့် ဘရက်ဒ်လေကော့ပါးတို့ ပါဝင်သရုပ်ဆောင်ထားသော ဇာတ်ကားများ ၂၀၁၅ ခုနှစ်ရဲ့ အမြတ်အစွန်း မရရှိသော ဇာတ်ကားများအဖြစ် သတ်မှတ်ခံရ

နယူးယော့ခ်၊ နိုဝင်ဘာ ၂၆ ။           ။ ဟောလီးဝုဒ်မင်းသားကြီးများဖြစ်သော ဘရက်ဒ်လေကော့ပါး၊ ဂျွန်နီဒပ်၊ ခရစ်ဟမ်းဝစ်နှင့် ဂျော့ကလိုးနေးတို့ပါဝင်သရုပ်ဆောင်ထားသော ဇာတ်ကားများသည် ၂၀၁၅ ခုနှစ်၏ အမြတ်အစွန်း မရရှိသော ဇာတ်ကားများအဖြစ် သတ်မှတ်ခံရသည်။

မင်းသားကြီး ဘေလ်မာရေး ပါဝင်သရုပ်ဆောင်ထားသော  Rock the Kasbah  ဇာတ်ကား သည်  Forbes မဂ္ဂဇင်းက ပြုစုထားသည့် ကုန်ကျစရိတ်များပြီး  အမြတ်အစွန်းနည်းသော ဇာတ်ကားများ စာရင်းတွင် နံပါတ်တစ်နေရာ၌ ရပ်တည်လျက်ရှိသည်။

မင်းသားကြီး ခရစ်ဟမ်းဝစ် ပါဝင်သရုပ်ဆောင်ထားသော ဆိုက်ဘာရာဇဝတ်မှု သည်းထိတ်ရင်ဖို ဇာတ်ကား Blackhat သည် တတိယနေရာတွင်ရပ်တည်နေပြီး ကလိုနေး ပါဝင်သရုပ်ဆောင် ထားသော  Tomorrowland ဇာတ်ကားသည် နံပါတ် ၁၄ နေရာတွင် ရပ်တည်လျက်ရှိသည်။

မာရေး ပါဝင်သရုပ်ဆောင်ထားသော  Rock the Kasbah  ဇာတ်ကားသည်  လက်မှတ်ရောင်းချရငွေ အမေရိကန်ဒေါ်လာ  ၂ဒသမ ၈၇ သန်းရရှိခဲ့ပြီး ဇာတ်ကားရိုက်ကူးရာတွင် အမေရိကန်ဒေါ်လာ ၁၅သန်းကုန်ကျခဲ့ကြောင်း Forbes မဂ္ဂဇင်းက ခန့်မှန်းထားသည်။

မင်းသားကြီး ဆီအန်ပန် ပါဝင်သရုပ်ဆောင်ထားသော  The Gunman ဇာတ်ကားသည် ဒုတိယနေရာတွင် ရပ်တည်နေပြီး  လက်မှတ်ရောင်းချရငွေ ၁၀ဒသမ ၇သန်းရရှိခဲ့ကြောင်းနှင့် ဇာတ်ကားရိုက်ကူး စရိတ် အမေရိကန်ဒေါ်လာ သန်း ၄၀ ကုန်ကျခဲ့သည်။

ဂျွန်နီဒပ် ပါဝင်သရုပ်ဆောင်ထားသော ဟာသဇာတ်ကား Mortdecai  ဇာတ်ကားသည် နံပါတ် ၁၀ နေရာတွင် ရပ်တည်နေပြီး လက်မှတ်ရောင်းချရငွေ အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၃သန်း ရရှိခဲ့ကာ ဇာတ်ကားရိုက်ကူးရေးအတွက် အမေရိကန်ဒေါ်လာ သန်း၆၀ ကုန်ကျခဲ့သည်။

ကလိုနေးပါဝင်သရုပ်ဆောင်ထားသော  Tomorrowland  ဇာတ်ကားသည် လက်မှတ်ရောင်းချရငွေ အမေရိကန်ဒေါ်လာ သန်း၁၉၀ ရရှိခဲ့ပြီး ဇာတ်ကားရိုက်ကူးရေးစရိတ် မှာ အမေရိကန်ဒေါ်လာ ၂၀၉ သန်းကုန်ကျခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly