မြောက်နှင့် တောင် ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးပွဲ စတင်

မြောက်နှင့် တောင် ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးပွဲ စတင်

သြဂုတ်လအတွင်း စစ်ရေးရန်စောင်မှုရှိခဲ့ပြီးနောက် ရေရှည်ဆက်ဆံရေး တင်းမာနေသည့် မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားနှစ်နိုင်ငံကြား ရှားပါးဆွေးနွေးပွဲကို ကျင်းပလျက်ရှိပြီဖြစ်သည်။

စစ်မဲ့ဇုန်အတွင်းရှိသည့် အပစ်ရပ် ပန်မွန်ဂျုံကျေးရွာတွင် နှစ်ဖက်တာဝန်ရှိသူများ တွေ့ဆုံကြသည်။

သြဂုတ်လအတွင်းက နယ်စပ်တွင် ပေါက်ကွဲမှုတစ်ရပ်ဖြစ်၍ တောင်ကိုရီးယား စစ်သားနှစ်ဦးသေဆုံးပြီးနောက် နှစ်နိုင်ငံကြား တင်းမားမှု မြင့်မားသွားခဲ့ခြင်းဖြစ်သည်။

ယခုတွေ့ဆုံမှုက နှစ်နိုင်ငံ စစ်ရေးထိပ်တိုက်တွေ့မှုကို ရှောင်ရှားစေနိုင်မည့် တွေ့ဆုံပွဲတစ်ရပ်ဖြစ်နိုင်သည်။

စစ်ရေးတင်းမာမှုဖြစ်ပြီးနောက် သဘောတူကာ ပြုလုပ်သည့် ယခုနိုဝင်ဘာ ၂၆ ရက် ဆွေးနွေးပွဲမှ ကျေနပ်ဖွယ် ကြီးကျယ်သည့် ရလဒ်များ ထွက်ပေါ်လာဖွယ်မရှိကြောင်း၊ သို့သော် ဖြစ်ပွားဆဲ မယုံကြည်မှုများအပေါ်တော့ သက်ရောက်မှုရှိလာနိုင်ကြောင်း ဘီဘီစီသတင်းထောက်က ပြောသည်။

ဆွေးနွေးပွဲလုပ်ငန်းစဉ်တွင် ကြီးမားသည့် ကိစ္စရပ်များ ဆွေးနွေးရန် မပါသော်လည်း နောက်ပိုင်းဆက်လက်ဆွေးနွေးပွဲများ ကျင်းပခြင်းအတွက် အထောက်အကူဖြစ်ပြီး အဆင့်မြင့်အရာရှိကြီးများ ပါဝင်ဆွေးနွေးမှုများ တိုးလာနိုင်ခြေရှိကြောင်း ၎င်းကပြောသည်။

ဆွေးနွေးပွဲတွင် အဆင့်မြင့်အရာရှိကြီးများ တွေ့ဆုံဆွေးနွေးရေး အချိန်နှင့် လုပ်ငန်းစဉ်အသေးစိတ်ကို နှစ်ဖက် အသေးစိတ်ဆွေးနွေးခဲ့ဖွယ်ရှိကြောင်းလည်း တောင်ကိုရီးယားသတင်းဌာန ယွန်ဟတ်သတင်းတွင် ဖော်ပြသည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly