အိန္ဒိယ၊ သြစတြေးလျနှင့် ပြင်သစ်တို့ အင်ဒို-ပစိဖိတ်ရေးရာကိစ္စများတွင် သဘောတူညီမှုရရှိသော်လည်း မြန်မာ့အရေးတွင် သဘောတူညီမှုမရရှိ

အိန္ဒိယ၊ သြစတြေးလျနှင့် ပြင်သစ်တို့ အင်ဒို-ပစိဖိတ်ရေးရာကိစ္စများတွင် သဘောတူညီမှုရရှိသော်လည်း မြန်မာ့အရေးတွင် သဘောတူညီမှုမရရှိ

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က Quad အုပ်စုကို "အာရှနေတိုးတပ်ဖွဲ့" အဖြစ် တရုတ်အစိုးရ၏ ဖော်ပြချက်ကို သံယောင်လိုက်ပြောကြားပြီးနောက် ရက်ပိုင်းအကြာတွင် အိန္ဒိယ၊ သြစတြေးလျနှင့် ပြင်သစ်တို့သည် အင်ဒို-ပစိဖိတ်ဒေသရေးရာ ကိစ္စများတွင် ဘုံသဘောတူညီမှုရရှိသော်လည်း မြန်မာ့အရေးတွင် သဘောတူညီမှုမရရှိခဲ့ကြပေ။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာက ဧပြီလ ၁၄ ရက်တွင် “အာရှနေတိုး” ဟူသော အသုံးအနှုန်းများကို အသုံးပြုသူများသည် စိတ်ကူးနှင့် ပုံဖော်ခြင်းများပြုလုပ်ကြခြင်းဖြစ်ပြီး၊ အိန္ဒိယအနေဖြင့် မည်သူနှင့် မည်သည့်ကိစ္စရပ်များကို ဆွေးနွေးပါဟူ ပြောပိုင်ခွင့်ဗီတိုအာဏာမရှိကြောင်း ဆိုခဲ့သည်။

"ဒါကြောင့် နေတိုးစိတ်ဓာတ်မျိုး အိန္ဒိယမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒီလိုမျိုး အရင်တုန်းက အာရှမှာရှိခဲ့ရင် ဒါက တခြားနိုင်ငံတွေနဲ့ ဒေသတွေမှာရှိခဲ့တာပါ။ အိန္ဒိယမှာ မဟုတ်ပါဘူး။”

ဂျိုင်ရှန်ကာက Raisina Dialogue တွင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်းယက်ဗ်ဒရီယန်၊ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရစ်အန်းပေနေးတို့နှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယက်ဗ်ဒရီယန်က သုံးနိုင်ငံ (ပြင်သစ်၊ အိန္ဒိယနှင့် သြစတြေးလျ) တို့သည် စစ်တပ်၏ ဖွဲ့စည်းပုံနှင့် ပုံစံမျိုးမဟုတ် ကြောင်းပြောကြားခဲ့သလို သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပေနေးကလဲ ကျယ်ပြောလှသည့် အင်ဒိုပစိဖိတ်ဒေသတွင် အတူတကွ ပူးပေါင်း ဆောင်ရွက်ခြင်းသည် သုံးနိုင်ငံစလုံးအတွက် အလွန်ကောင်းသော စံနမူနာများဖြစ်ကြောင်းပြောကြားခဲ့သည်။

ယင်းလုပ်ငန်း၏ “လက်တွေ့ကျသည့် စည်းနှောင်မှုကို” ကိုရှင်းပြရာတွင် ပေးနီ က နောက်ကွယ်ရှိ မူဝါဒကို အလေးပေးပြောကြားခဲ့သည် - “ ကျွန်မတို့လို ခိုင်မာတောင့်တင်းတဲ့ ဒီမိုကရေစီသုံးနိုင်ငံရဲ့တန်ဖိုးကတော့ ကျွန်မတို့ရဲ့ အမြင်တွေကို မျှဝေဖို့နဲ့ ဒေသဆိုင်ရာ ဘက်ပေါင်းစုံအဖွဲ့အစည်းများအပေါ်ကျရောက်နေတဲ့ ဖိအားတွေကို ကျွန်မတို့ရဲ့ တုံ့ပြန်မှုတွေက မျှဝေနိုင်စွမ်းရည်ရှိကြပါတယ်”

မြန်မာပြည်ကိစ္စ ကြိုးတန်းလမ်းလျှောက်ခြင်း

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ထူထောင်ရေးအတွက် ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့ သော်လည်း အိန္ဒိယအစိုးရက မြန်မာစစ်အစိုးရနှင့် ဆက်ဆံရေးကို ထိန်းထားနေဆဲဖြစ်သည်။ ဤသည်မှာ မြန်မာ့အရေးနှင့် ပတ်သက်ပြီး အိန္ဒိယ၏ ထူးခြားသောအနေအထားကို ရည်ညွှန်းခြင်းဖြစ်သည်။

သူမ၏ ပြောကြားချက်တွင် စိန်ခေါ်မှုများမှာ“ စည်းမျဉ်းစည်းကမ်းများအပေါ်အခြေခံသည့် ဥပဒေအမိန့်” ကို ဆန့်ကျင်သူများထံမှလာခြင်းဖြစ်ပြီး ယင်းကိုတုန့်ပြန်ရာတွင်“ လက်တွေ့ကျ” ပြီး “ပြောင်းလွယ်ပြင်လွယ်” ချဉ်းကပ်မှုမျိုးပြုလုပ်ရန် တောင်းဆိုခဲ့သည်။

အင်ဒိုပစိဖိတ်ဒေသက တစ်နည်းအားဖြင့် သမိုင်းတစ်ပတ်လည်ခြင်းဖြစ်တယ်လို့ ကျွန်တော် ငြင်းချက်ထုတ်ချင်ပါတယ်။ ဒါက ခေတ်ပြိုင်ကမ္ဘာကို ပိုပြီးထင်ဟပ်နေပါတယ်။ စစ်အေးတိုက်ပွဲကို ကျော်လွှားသွားနေတာပါ။ ပြန်အားဖြည့်နေတာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီနည်းလမ်းအတိုင်း ရှု့မြင်ပြီး ခေတ်သစ်နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးဖို့ ကျွန်တော်တို့ အများကြီးမျှော်လင့်ထားပါတယ်”ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး က ပြောသည်။

ဝန်ကြီး ၃ ဦးက ဒေလီတွင် လူကိုယ်တိုင်တွေ့ဆုံကြကာ အစည်းအဝေးတစ်ခုပြုလုပ်ရန်စီစဉ်ထားသော်လည်း ကိုဗစ် ဒုတိယလှိုင်းကြောင့် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပေနေး က မလာနိုင်တော့သဖြင့် စီစဉ်သူများက ရက်ဆီနာဆွေးနွေးပွဲ (ဧပြီ ၁၃-၁၆) ကို အွန်လိုင်းအစည်းအဖြစ်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးသုံးဦးစလုံးသည် တူညီသောပုံစံကိုအသုံးပြုခဲ့ပြီး အင်ဒို-ပစိဖိတ်ရေးရာကိစ္စများတွင် သဘောတူညီမှုရရှိသော်လည်း၊ မြန်မာပြည်တွင် ဖြစ်ပေါ်နေသောအခြေအနေနှင့် ပတ်သက်၍ ဝန်ကြီးသုံးဦးစလုံး၏ အမြင်များသည် နက်ရှိုင်းစွာကွဲလွဲမှုများရှိခဲ့သည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကို “စနစ်တကျ ရွေးကောက် တင်မြှောက်ထားသည့်အစိုးရ” ဖြစ်ခြင်းကြောင့် များစွာ ထောက်ခံကြောင်း ပြောကြားခဲ့သည်။

သူက “ အာဏာသိမ်းမှုမှ ထွက်လာသော စစ်တပ်၏ အပြုအမူကို ဆန့်ကျင်ဆန္ဒပြမှုများနှင့် စစ်တပ်က အကြမ်းဖက်မှုများ ဆိုးဆိုးရွားရွား ဆက်လက်ပြုလုပ်နေခြင်း” ကို ထောက်ပြခဲ့သည်။

ဥရောပသမဂ္ဂက မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်နေခြင်းကို အလေးအနက်ထား ပြောကြားပြီး၊ ၎င်းတို့အနေဖြင့်မြန်မာ စစ်အုပ်ချုပ်ရေးအဖွဲ့အား အကူအညီပေးနေမှုအားလုံးကို အဆုံးသတ် လိုက်ပြီဖြစ်ကြောင်း သူက ဆိုသည်။

“ ဒါက အရှေ့တောင်အာရှမှာ ဒီမိုကရေစီကို ဆန့်ကျင်တဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုလို့ ကျွန်တော်ထင်ပါတယ်၊ နိုင်ငံတကာဖိအားကို ဆက်ထိန်းထားဖို့ လိုပါတယ်” ဟု သူက ပြောသည်။

စစ်တပ်အာဏာသိမ်းမှုကို တုန့်ပြန်အဖြေရှာရာတွင် အာဆီယံနှင့် လက်တွဲလုပ်ဆောင်ရန်မှာ အရေးကြီးကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပေနေးက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required