ပုံမှန်မဟုတ်သည့် ဓာတ်ပုံထွက်ပေါ်ပြီးနောက် အမေရိကန်ရေတပ်က စိတ်ပိုင်းဆိုင်ရာ စစ်ပွဲ ပြုလုပ်နေသည်ဟု တရုတ်က စွပ်စွဲ

ပုံမှန်မဟုတ်သည့် ဓာတ်ပုံထွက်ပေါ်ပြီးနောက် အမေရိကန်ရေတပ်က စိတ်ပိုင်းဆိုင်ရာ စစ်ပွဲ ပြုလုပ်နေသည်ဟု တရုတ်က စွပ်စွဲ

အမေရိကန်ရေတပ်က ပဟေဠိဆန်သည့် ဓာတ်ပုံကို ထုတ်ပြပြီးနောက် စိတ်ပိုင်းဆိုင်ရာ စစ်ပွဲ ပြုလုပ်နေသည်ဟု တရုတ်ဝေဖန်သုံးသပ်သူများက စွပ်စွဲလိုက်သည်။

ဓာတ်ပုံတွင် ရေတပ်အရာရှိနှစ်ဦးအနက် တစ်ဦးမှာ ခြေထောက်တင်ထားရင်း တောင်တရုတ်ပင်လယ်ရှိ တရုတ်လေယာဉ်တင် သင်္ဘော တစ်စင်းကို အေးအေးဆေးဆေးစောင့်ကြည့်နေသည့်ပုံကို ပြသထားသည်။ ဟောင်ကောင်သတင်းစာတစ်ခုက ဓာတ်ပုံသည် “ငါတို့ မင်းကို စောင့်ကြည့်နေတယ်” ဆိုသည့် ရှင်းရှင်းလင်းလင်းသတင်းစကားတစ်ခုကို ပေးသည်ဟု ဆိုသည်။

“ ပြင်ဆင်ပြီး ရိုက်ထားတဲ့ ဓာတ်ပုံက စိတ်ပိုင်းဆိုင်ရာ စစ်ပွဲ ဆိုတာကို အတိအကျဖော်ပြနေပြီး PLA (ပြည်သူ့လွတ်မြောက်ရေး တပ်မတော်) ကို အမေရိကန်ပြည်ထောင်စုက လတ်တလော ခြိမ်းခြောက်မှုဟု မမှတ်ယူထားကြောင်းကို ဖော်ပြနေပါတယ်” ဟု တရုတ်ရေတပ်အကယ်ဒမီကျောင်းမှ ဆရာဟောင်း လူလီရှီးက ဆိုသည်။

ရေတပ်အရာရှိနှစ်ဦးဖြစ်သည့် USS Mustin ဖျက်သင်္ဘောမှ တပ်မှူးများဖြစ်သော ရောဘတ်ဘရစ်နှင့် ရစ်ချက်ဆလေး တို့၏ သက်သောင့်သက်သာ ပုံစံယူထားသည့် အပြုအမူများသည် တရုတ်စစ်သင်္ဘော Liaoning အပေါ်အမေရိကန်အနေဖြင့် မကြောက်ရွံ့ကြောင်းပြသနေကြောင်း လူ က ပြောကြားခဲ့သည်။

"ဓာတ်ပုံထဲမှာ တပ်မှူး ဘရစ်က ထောင်ပေါင်းများစွာအကွာအဝေးမှာရှိတဲ့ Liaoning သင်္ဘောကို ခြေထောက်တင်ထားရင်း အေးအေးသာသာစောင့်ကြည့်နေတုန်း သူ့လက်ထောက်က အနားမှာထိုင်နေပါတယ်။ ဒါက သူတို့အနေနဲ့ PLA ကို ပေါ့ပေါ့တန်တန်သဘောထားတယ် ဆိုတာကို ပြနေတာပါပဲ" ဟု သူက ပြောသည်။

နယ်မြေများစွာအပါအဝင် တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေသော တရုတ်က ယင်း၏ ကန့်သတ်ချက်ရှိနိုင်သည့် စွမ်းအားများကို တရုတ်နိုင်ငံက စဉ်ဆက်မပြတ်စမ်းသပ်နေသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဂျပန်နှင့် ဖိလစ်ပိုင် အပါအဝင် အခြားနိုင်ငံများက တောင်းဆိုထားသည့် ဧရိယာများတွင် တရုတ်က ကျွန်းအတုများကို တည်ဆောက်ခဲ့ပြီး ထိုကျွန်းများကို စစ်သင်္ဘောအုပ်စုများ စေလွှတ်ခဲ့သည်။

ပြီးခဲ့သည့်လက တရုတ်က ယင်း၏သင်္ဘော ၁၈၃ စီးအား Whitsun Reef မှ ဖယ်ရှားရန်ငြင်းဆန်ခဲ့သည်။ ယင်းကနေရာသည် ဖိလစ်ပိုင်၏ ပိုင်နက်အတွင်းရှိကြောင်း ဖိလစ်ပိုင်က ပြောကြားထားပြီး၊ အမေရိကန်ကဖိလစ်ပိုင်ကိုဘက်က ရပ်တည်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly