Alibaba မှ သင်ခန်းစာယူရန် နည်းပညာကုမ္ပဏီများကို တရုတ်အစိုးရ သတိပေး

Alibaba မှ သင်ခန်းစာယူရန် နည်းပညာကုမ္ပဏီများကို တရုတ်အစိုးရ သတိပေး

အီလက်ထရွန်နစ်စီးပွားရေးကုမ္ပဏီကြီး Alibaba အား ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ ဒဏ်ငွေချမှတ်ပြီးနောက် တရုတ်နိုင်ငံမှ စည်းမျဉ်းစည်းကမ်းကြီးကြပ်သူများက Tencent Holding၊ Meituan နှင့် ByteDance စသည့် နိုင်ငံ၏ အကြီးဆုံးနည်းပညာကုမ္ပဏီများအား စက်မှုလုပ်ငန်းစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန် နှင့် ကြောက်ရွံ့စေရန် သတိပေးလိုက်သည်။

Alibaba Group Holding ကို ဒဏ်ငွေရိုက်ခြင်းဖြင့် ထိပ်တန်းအင်တာနက်ကုမ္ပဏီများအား သတိပေးရန် ရည်ရွယ်၍ လက်ဝါးကြီးအုပ်မှုစောင့်ကြည့်ရေးအဖွဲ့၊ ဆိုက်ဘာအုပ်ချုပ်ရေးအဖွဲ့၊ အခွန်အာဏာပိုင်များနှင့် တွေ့ဆုံရန် တရုတ် ထိပ်တန်းနည်းပညာကုမ္ပဏီများအား မကြာသေးမီက ခေါ်ယူခဲ့ကြောင်း South China Morning Post မှ သတင်းဖော်ပြခဲ့သည်။

နိုင်ငံ၏ အကြီးဆုံးနည်းပညာကုမ္ပဏီများအား စက်မှုလုပ်ငန်းစည်းမျဉ်းစည်းကမ်းများကိုလေးစားလိုက်နာရန် နှင့် ကြောက်ရွံ့စေရန် ပြောကြားလိုက်ကြောင်း ဟောင်ကောင်အခြေစိုက်သတင်းစာက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် နှစ်ခရစ်စမတ်အကြိုတွင် စတင်ခဲ့သော တစ်လကြာ လက်ဝါးကြီးအုပ်မှုစုံစမ်းစစ်ဆေးရေးပြီးနောက် အီလက်ထရွန်နစ်စီးပွားရေးကုမ္ပဏီကြီး Alibaba Group Holding အား ယွမ် ၁၈ ဒသမ၂ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ) အထိ တရုတ်စည်းမျဉ်းစည်းကမ်းကြီးကြပ်သူများက ပြီးခဲ့သည့် သီတင်းပတ်က စံချိန်တင် ဒဏ်ငွေချမှတ်ခဲ့သည်။

ဈေးကွက်စည်းမျဉ်းစည်းကမ်းများအတွက် နိုင်ငံတော်စီမံခန့်ခွဲမှုအဖွဲ့ (SAMR) မှ ချမှတ်ခဲ့သော ဒဏ်ငွေသည် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းချစ်ပ်များတင်သွင်းသူ Qualcomm မှ စံချိန်တင် ပေးခဲ့ရသော ယွမ် ၆ ဒသမ ၁ ဘီလီယံထက် နှစ်ဆပိုများကြောင်း နေ့စဉ်သတင်းစာက ဆိုသည်။

Alibaba အပေါ်ဒဏ်ငွေသည် ၂၀၁၉ ခုနှစ်တွင် ဝင်ငွေ ၄၁၅ ဒသမ ၇၁ ဘီလီယံယွမ်ရှိသည့် ကုမ္ပဏီ၏ စုစုပေါင်းပြည်တွင်းဝင်ငွေ၏ ၄ ရာခိုင်နှုန်းရှိကြောင်း SAMR က ဆိုသည်။

" Alibaba က စိတ်ရင်းမှန်နဲ့ လက်ခံပြီး ဆုံးဖြတ်ချက်ကိုလိုက်နာခဲ့ပါတယ်" ဟု ဟန်ကျိုးအခြေစိုက်ကုမ္ပဏီက ကြေညာချက်တွင် ဖော်ပြထားသည်။

SAMR က Alibaba သည် ဈေးကွက်လွှမ်းမိုးနိုင်မှုကို အလွဲသုံးစားလုပ်ခြင်းဖြင့် ကုန်သည်များအား ဈေးကွက်ရှိ တခြားအီလက်ထရွန်နစ်ကုန်သွယ်ရေးပလက်ဖောင်းများကြားတွင် ဖက်နှစ်ဖက်မှ တစ်ဖက်ကိုသာရွေးရန် ဖိအားပေးကာ ကုန်သည်များနှင့် စားသုံးသူနှစ်ဦး စလုံး၏ အခွင့်အရေးကို ချိုးဖောက်ခဲ့သည်ဟု ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required