ဧရာဝတီမြစ်ဘေး ဆန္ဒပြတဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေး အထွေထွေ တပ်ပေါင်းစုသပိတ် စစ်ကြောင်း

16 April 2021
ဧရာဝတီမြစ်ဘေး ဆန္ဒပြတဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေး အထွေထွေ တပ်ပေါင်းစုသပိတ် စစ်ကြောင်း

စစ်အာဏာရှင် တိုက်ဖျက်ရေး အထွေထွေ တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ ဒီနေ့ ဧပြီ ၁၆ရက်၊မနက်ပိုင်းမှာ မန္တလေးမြို့ ဧရာဝတီမြစ်ဘေးမှာ ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးမြို့ပေါ်ရှိ လမ်းတွေ ရပ်ကွက်တွေမှာ ပိတ်ဆို့ ရှာဖွေနေတာတွေရှိနေတဲ့အတွက် စစ်အာဏာရှင် တိုက်ဖျက်ရေး အထွေထွေတပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ ဧရာဝတီမြစ်ဘေး သွားရောက် ဆန္ဒပြတာလည်းဖြစ်ပါတယ်။ဧရာဝတီမြစ်ဘေး ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကိုပဲ စစ်ကောင်စီ လက်နက်ကိုင် အဖွဲ့က အကြမ်းဖက်ဖြိုခွင်းဖို့ ကြံခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly