ဒေါင်းတို့မျိုးဆက် နဲ့ တော်လှန်သင်္ကြန်

15 April 2021
ဒေါင်းတို့မျိုးဆက် နဲ့ တော်လှန်သင်္ကြန်

 

မိဘပြည်သူများခင်ဗျာ... ဖက်ဆစ်စစ်အုပ်စုကို တော်လှန်ကြရတဲ့ နွေဦးတော်လှန်ရေးမှာ ကျွန်တော်များ ဒေါင်းတို့မျိုးဆက်သံချပ်အသင်းကလည်း တော်လှန်သောသင်္ကြန်မှာ အင်္ကြန်ရဲ့ အငွေ့အသက်ဖြစ်တဲ့ သံချပ်ယဥ်ကျေးမှုနဲ့ တော်လှန်သံချပ်စာသားများဖြင့် ဒီတော်လှန်ရေးကို အားဖြည့်ပါ့မယ်၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂ တကသတွေနဲ့ စုဖွဲ့ခဲ့တဲ့ဒေါင်းတို့မျိုးဆက်အသင်းစတည်ခဲ့တဲ့အချိန်ကနေ ယနေ့ အတာသင်္ကြန်အထိ ၂၀၀၈ ခြေဥ ပြင်ဆင်ဖျက်သိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ စစ်တပ်ရဲ့ နိုင်ငံရေးပါဝင်မှုကို ဆုတ်ခွာစေရေးတို့ကို သံချပ်စာသားတွေနဲ့ အစဥ်တစိုက် သရော်ခဲ့၊ ရှုတ်ချခဲ့ပြီး သင်္ကြန်အကာခါလတိုင်းမှာ မိဘပြည်သူများရဲ့ ရှေ့တော်မှောက်မှာ ကျွန်တော်များ ဒေါင်းတို့မျိုးဆက်အသင်းက ကျောင်းသားလူငယ်များဟာ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။ မိဘပြည်သူများကလည်း သောင်းသောင်းဖြဖြနှစ်ခြိုက်အားပေးခဲ့ကြပါတယ်။ ၂၀၁၉ အတာသင်္ကြန်ကာလမှာ စစ်တပ်ရဲ့ ရက်စက်ရမ်းကားမှု၊ တိုင်းပြည်အပေါ် လက်နက်နဲ့ ဗိုလ်ကျနေမှုတွေကို သံချပ်စာသားများအဖြစ် ဖျော်ဖြေတင်ဆက်ခဲ့ခြင်းကြောင့် ကျွန်တော်တို့ရဲ့ သံချပ်ခေါင်းဆောင် ၆ ယောက်ကို စစ်တပ်က ဖမ်းဆီးပြီး မတရားတဲ့ ဥပဒေတွေနဲ့ မြို့နယ်ပေါင်းစုံမှာ လှည့်ပတ်တရားစွဲဆိုပြီး ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပါတယ်။ လက်ရှိမှာဆဆာ့ကျွန်တော်တိုရဲ့ ရဲဘော်ရဲဘက်ဖြစ်တဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း၊ ကိုပိုင်ရဲသူတို့ဟာ အင်းစိန်ထောင်မှာ ထောင်ဒဏ် ၆ နှစ်ကျော် ကျခံနေရဆဲဖြစ်ပါတယ်။ ဒေါင်းတို့မျိုးဆက်ဆိုတာကိုးက မျိုးဆက်အလိုက်စီးဆင်းနေတဲ့သဘောဖြစ်ပါတယ်။ သေချာတာကတော့ ထောင်ထဲက ဒေါင်းတို့မျိုးဆက်ရဲဘော်သုံးယောက်ရော အပြင်မှာရှိနေတဲ့ ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်လူငယ်များဟာ နည်းပေါင်းစုံသုံးပြီး စစ်အာဏာရှင်ကို ရွပ်ရွပ်ချွန်ချွန်တော်လှန်ဆန့်ကျင်နေကြပါတယ်။ အခုတခါမှာလည်း ပျော်စရာမဟုတ်တဲ့ တော်လှန် သင်္ကြန်မှာ တော်လှန်သံချပ်တွေနဲ့ နွေဦးတော်လှန်ရေးကို ကျွန်တော်တို့ ဒေါင်းတို့မျိုးဆက်ပါဝင်အားဖြည့်ပါ့မယ်။ တော်လှန်သင်္ကြန်မှာ တော်လှန်ရေးအလံတွေ၊ တော်လှန်ရေးသီချင်းတွေ တော်လှန်ရေးသံချပ်တွေနဲ့ စစ်အာဏာရှင်ကို ပြတ်ပြတ်သားသားတော်လှန်ချေမှုန်းကြရအောင်ပါ၊ ကျွန်တော်တို့သံချပ်စာသားများထဲကလိုပါဘဲ.. ငြိမ်နေရင်ဖြင့် ပင့်ကူအိမ်နဲ့တောင် ငြိနေပါလိမ့်မယ်.. ရုန်းထွက်မယ်လို့ ဆုံးဖြတ်ကြရင် သံချပ်တွေတောင် ပြတ်တောက်ပါလိမ့်မယ် သံချပ်ထိုး၍ သံလျက်ကြိုးစေ.... ဒေါင်းတို့မျိုးဆက်သံချပ်အသင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly