ကြည့်မြင်တိုင်သွေးမတိတ်ဆေးသပိတ်(၂)ကြိမ်တိုင်ဖြိုခွင်းခံသည့်ကြားကပြုလုပ်နိုင်ခဲ့

15 April 2021
ကြည့်မြင်တိုင်သွေးမတိတ်ဆေးသပိတ်(၂)ကြိမ်တိုင်ဖြိုခွင်းခံသည့်ကြားကပြုလုပ်နိုင်ခဲ့

ကြည့်မြင်တိုင်ကလူငယ်တွေဟာ ဒီနေ့ဧပြီလ(၁၄)ရက် သင်္ကြန်အကျနေ့မှာ မြို့နယ်တွင်းနေရာတ ချို့မှာ သွေးမတိတ်ဆေးသပိတ်ပြုလုပ်ခဲ့ပါတယ်။ 
အဲ့ဒီလိုပြုလုပ်နေစဉ် (၂)ကြိမ်တိုင် စစ်ကောင်စီ လုံခြုံရေးအဖွဲ့က လာရောက်ဖြိုခွင်းခဲ့ပါသေးတယ်။ ဒါပေမယ့်လူငယ်တွေဟာ ဖြိုခွင်းတဲ့ကြားကဘဲ အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ ကြည့်မြင်တိုင်ကလူငယ်တွေဟာ ဆန္ဒထုတ်ဖော်တာ တွေ ကို ပုံစံမျိုးစုံနဲ့နေ့စဉ်လမ်းပေါ်ထွက် ပြုလုပ်နေကြတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly