မြန်မာပြည်အနှံ့ တော်လှန်သင်္ကြန်ကို ဆင်နွှဲနေသည့်အချိန်တွင် ငွေဆောင်ကမ်းခြေသို့ ခရီးသွားလာရောက်မှု များပြားနေသောကြောင့် ကားလမ်းများပိတ်နေ

မြန်မာပြည်အနှံ့ တော်လှန်သင်္ကြန်ကို ဆင်နွှဲနေသည့်အချိန်တွင် ငွေဆောင်ကမ်းခြေသို့ ခရီးသွားလာရောက်မှု များပြားနေသောကြောင့် ကားလမ်းများပိတ်နေ

ဧပြီ ၁၄

မြန်မာပြည်အနှံ့ တော်လှန်သင်္ကြန်ကို ဆင်နွှဲနေသည့်အချိန်တွင် ငွေဆောင်ကမ်းခြေသို့ အပန်းဖြေလာရောက်သူများ အများအပြားရှိနေပြီး ခရီးသွားလာရောက်မှု များပြားနေတာကြောင့် ဧပြီလ ၁၄ရက်နေ့ ညပိုင်းတွင်းမှာ ငွေဆောင်မြို့တွင်းကားလမ်းများပါ ပိတ်ဆို့ခဲ့ရပါတယ်။

ပြည်သူ့အစိုးရလက်ထက်မှာ ကိုဗစ်ရောဂါ ကူးစက်ပျံ့ပွါးမှု လျှော့ကျစေရေးအတွက် အပန်းဖြေကမ်းခြေတွေကို ယာယီပိတ်ထားပေမဲ့ ဟိုတယ်အချို့နဲ့ တည်းခိုခန်းအချို့က ပြန်လည်ဖွင့်လှစ်ခဲ့ပြီး သင်္ကြန်ပွဲတော်ရက်မှာ ကိုယ်ပိုင်ကားများနဲ့ လာရောက်အပန်းဖြေသူတွေ များပြားနေတာပါ။

“ပိတ်ထားရတာလဲ တစ်နှစ်ကျော်ပြီဆိုတော့ ဒေသခံတွေလဲ စားဝတ်နေရေးခက်ခဲနေလို့ အခုလိုလာတဲ့အချိန် ဖွင့်ရောင်းပေးတာကိုတော့ မပြောချင်ဘူးဗျာ၊ လာတဲ့သူတွေက ဘယ်လိုစိတ်ကူးတွေနဲ့ လာလဲဆိုတာတော့ လိုက်မေးချင်တယ်၊ လိပ်ပြာလုံရဲ့လားလို့”လို့ ငွေဆောင်ဒေသခံ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးကပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly