ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်း ၁၀ဝ ကျော် ထိုးပေးရန် အိန္ဒိယက အမြန်ဆုံးစီမံခန့်ခွဲနိုင်ခဲ့

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်း ၁၀ဝ ကျော် ထိုးပေးရန် အိန္ဒိယက အမြန်ဆုံးစီမံခန့်ခွဲနိုင်ခဲ့

ဧပြီ ၁၃

ကိုဗစ်-၁၉ ကိုတိုက်ဖျက်ရန်အဓိကမှတ်တိုင်တစ်ခုအနေဖြင့် အိန္ဒိယနိုင်ငံသည် နိုင်ငံတစ်ဝန်းလုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအလုံးရေ သန်း ၁၀ဝ ကျော် ထိုးပေးရန် စီမံခန့်ခွဲနိုင်ခဲ့သည်ဟု ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနက ဧပြီလ ၁၀ရက်တွင် ပြောကြားခဲ့သည်။

ထို့ကြောင့် အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ၈၅ ရက်အတွင်း ကာကွယ်ဆေးများစွာကို ထိုးပေးရန် အမြန်ဆုံး စီမံခန့်ခွဲနိုင်သည့်နိုင်ငံဖြစ်လာခဲ့သည်။ 

ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ၏ ကာကွယ်ဆေးထိုးမှုလွှမ်းခြုံမှုမှာ ၈၅ရက်အတွင်း ၆၁ ဒသမ ၄၂ သန်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာ ၉၂ ဒသမ ဝ၉ သန်းဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကိုဗစ် ကာကွယ်ဆေးထိုးသည့် ၈၅ ရက်မြောက်နေ့ဖြစ်သော ဧပြီလ ၉ရက် ည ၇ နာရီခွဲတွင် ကိုဗစ် ကာကွယ်ဆေးအလုံးရေသည် ၁၀,၁၂,၈၄၂၂၂ ကို ထိုးပေးပြီး ဖြစ်သည်။  

တက်ကြွစွာပူးပေါင်းဆောင်ရွက်မှုများ၊ ညှိနှိုင်းဆောင်ရွက်ခြင်းအဆင့်များဖြင့် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများသည် ထိရောက်သော လက်တွေ့စီမံခန့်ခွဲနိုင်မှုနှင့် အတူ အိန္ဒိယသည် ကမ္ဘာပေါ်တွင် သေဆုံးမှုနှုန်းအနိမ့်ဆုံး (၁ဒသမ၂၈ ရာခိုင်နှုန်း) ရှိခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများ ၉,ဝဝ၃,ဝ၆၀ အား ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးပေးခဲ့ပြီး၊ ဒုတိယအကြိမ်အဖြစ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများ ၅,၅၀၆,၇၁၇ ကို ကာကွယ်ဆေးထိုးပေးခဲ့သည်။ ရှေ့တန်းလုပ်သားများ  ၉,၉၃၉,၃၂၁  ကို ပထမအကြိမ် ဆေးထိုးပေးခဲ့ပြီး၊ ရှေ့တန်းလုပ်သားများ ၄,၇၂၈,၉၆၆ ဒုတိယဆေးထိုးပေးခဲ့သည်။ အသက် ၄၅ နှစ်နှင့် ၅၉ နှစ်အတွင်းရှိ လူဦးရေ ၃၀,၁၁၄,၉၅၇ ကို ပထမဆုံးအကြိမ်ဆေးထိုးပေးခဲ့ပြီး၊ ၊ ၄၅ နှစ်နှင့်အထက် မှ အသက် ၅၉ နှစ်အရွယ် လူဦးရေ ၆၆,၃၃၇,၇၈၈ ကို ဒုတိယဆေးအကြိမ်ဆေးထိုးပေးခဲ့သည်။ အသက် ၆၀နှင့် အထက် လူဦးရေ ၃၉,၅၆၄,၇၄၁ ကို ပထမအကြိမ်ဆေးထိုးပေးခဲ့ပြီး၊ အသက် ၆၀နှင့် အထက်  ၁,၇၈၈,၇၅၂ ကိုလည်း ဒုတိယအကြိမ် ဆေးထိုးပေးခဲ့သည်။ 

အိန္ဒိယနိုင်ငံတွင် ဇန်နဝါရီ ၁၆ ရက်တွင် ကာကွယ်ဆေး စတင်ထိုးခဲ့ပြီး ပထမအဆင့်တွင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ရှေ့တန်းလုပ်သားများအား ဦးစားပေးခဲ့သည်။ ဒုတိယအဆင့်ကို မတ်လ ၁ ရက်တွင် စတင်ခဲ့ပြီး အသက် ၆၀ နှင့် အထက်လူများနှင့် ၄၅ နှစ်မှ ၅၉ နှစ်ကြားရှိ ရောဂါအခံရှိသူများကို ကာကွယ်ဆေးထိုးရန် စီမံခဲ့သည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကာကွယ်ဆေးထိုးသည့် ဒုတိယအဆင့်သည် ဧပြီလ ၂ ရက်တွင် စတင်ခဲ့ပြီး အသက် ၄၅ နှစ်အထက်တွင်ရှိသူအားလုံးကို ကာကွယ်ဆေးထိုးပေးခဲ့သည်။

နိုင်ငံအတွင်းရှိ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းဖြစ်ပွားချိန်တွင် ကာကွယ်ဆေးစတင်ထိုးပေးခဲ့ခြင်းဖြစ်သည်။ အိန္ဒိယတွင် ဧပြီလ ၁၀ရက် တွင် COVID-19 ကူးစက်မှု အသစ် ဖြစ်ပွားမှုပေါင်း ၁၄၅,၃၈၄ မှုရှိခဲ့သည်ဟု ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး၊ ကူးစက်ရောဂါဖြစ်ပွားပြီးကတည်းက ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့သည်။

တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်ကူးစက်မှု တစ်သိန်းနှင့်အထက် ၄ ရက်ဆက်တိုက် ကူးစက်မှုဖြစ်သည်။ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်ကြောင့် အသစ် သေဆုံးသူ ၇၉၄ ဦး ရှိခဲ့ပြီး၊ တိုင်းပြည်အတွင်းသေဆုံးသူဦးရေ ၁၆၈,၄၃၆ ဦး ရှိသွားပြီ ဖြစ်သည်။ လက်ရှိတွင်နိုင်ငံအတွင်း ကူးစက်ခံရသူပေါင်း ၁,ဝ၄၆,၆၃၁ ရှိပြီဖြစ်သည်။ 

ဧပြီလ ၉ရက်က ပြန်လည်ကျန်းမာလာပြီး ဆေးရုံက ဆင်းသူ ၇၇,၅၆၇ ဦးရှိပြီး၊ ပြန်လည်ကျန်းမာလာသူ အရေအတွက် စုစုပေါင်း ၁၁,၉၉၀,၈၅၉ အထိ ရှိခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly