နည်းပညာကုမ္ပဏီကြီးများကို ထိန်းချုပ်ရန် တရုတ်က ဒေတာကာကွယ်မှုများ ပြုလုပ်မည်

နည်းပညာကုမ္ပဏီကြီးများကို ထိန်းချုပ်ရန် တရုတ်က ဒေတာကာကွယ်မှုများ ပြုလုပ်မည်

ဧပြီ ၁၃

Alibaba နှင့် Tencent ကဲ့သို့ နည်းပညာကုမ္ပဏီကြီးများ၏ စွမ်းဆောင်မှုများကို တိုးမြှင့် ထိန်းချုပ်နေသည့် တရုတ်အစိုးရက နိုင်ငံသားများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား စုဆောင်းသည့် စည်းမျဉ်း စည်းကမ်းများကို ထိန်းချုပ်ရန် ပြင်ဆင်လျှက်ရှိသည်။

အားကောင်းသည့် ဒေတာတည်ဆောက်မှုပုံစံသည် နောက်မျိုးဆက် အင်တာနက်စနစ်အား  နိုင်ငံများက အဓိပ္ပါယ်သတ်မှတ်ရာတွင် အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။ ယခုလုပ်ဆောင်ချက်သည် တရုတ်အနေဖြင့် နည်းပညာနယ်ပယ်၌ အမေရိကန်နိုင်ငံအား ယှဉ်ပြိုင်ရာတွင် ပထဝီနိုင်ငံရေးကိစ္စတစ်ရပ် ဖြစ်လာနိုင်ကြောင်းလည်း ၎င်းက သုံးသပ်သည်။

အဆိုပါ စည်းမျဉ်းများသည် နိုင်ငံ၏ အကြီးဆုံး ဒေတာသိမ်းဆည်းသည့်စနစ်ကို သက်ရောက်မှု ရှိ၊မရှိအပေါ် အငြင်းပွားမှုများ ဖြစ်ပေါ်လျှက်ရှိသည်။

ကိုယ်ရေးကိုယ်တာ အချက်အလက် ကာကွယ်ရေး ဥပဒေ (PIPL) မူကြမ်းကို တရုတ်အစိုးရက ပြီးခဲ့သည့်နှစ်အတွင်း ထုတ်ပြန်ခဲ့သည်။ ပြဿနာဖြေရှင်းရေးစည်းမျဉ်းများကို လေ့ကျင့်ပေးရန်နှင့် ထုတ်ကုန်ပစ္စည်းများကို တည်ဆောက်ရန် အချက်အလက် အများအပြားကို စုဆောင်းခြင်းဖြင့် တရုတ်နည်းပညာ ကုမ္ပဏီကြီးများသည် လွန်ခဲ့သည့် နှစ်များအတွင်း တရွေ့ရွေ့တိုးတက်ခဲ့ခြင်းကို ထိန်းချုပ်ရန် ယခုကဲ့သို့ ဒေတာ ကာကွယ်မှုကို  ပြင်ဆင်ခြင်း ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

အွန်လိုင်းရောင်းဝယ်ရေးမှ အစားအစာဖြန့်ဝေခြင်းအထိ လုပ်ငန်းအများအပြားကို လုပ်ဆောင်သည့် အင်တာနက်ကုမ္ပဏီများအတွက် မမျှတသည့် ဈေးနှုန်းထိန်းချုပ်ရေး စည်းမျဉ်းကို ပြင်ဆင်ချက်ကို ဖေဖော်ဝါရီလအတွင်းက ထုတ်ပြန်ခဲ့သည်။ 

“အစိုးရက နည်းပညာကုမ္ပဏိကြီးတွေကို ထိန်းချုပ်ချင်ပါတယ်။ စည်းမျဉ်းတွေကို ပြင်ဆင်ချက်နဲ့အတူ ဈေးနှုန်းထိန်းချုပ်ခြင်းကဲ့သို့ အခြားနည်းလမ်းများကိုလည်း လုပ်ဆောင်ကြောင်း ပေကျင်းအခြေစိုက် ရှောင်လွန်ဥပဒေအကျိုးဆောင်အဖွဲ့၏ မိတ်ဖက်တစ်ဦးဖြစ်သူ ရေချယ်လီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly