ဒေါ်အောင်ဆန်းစုကြည်ကို အမှုတစ်ခု ထပ်တိုးတရားစွဲ

ဒေါ်အောင်ဆန်းစုကြည်ကို အမှုတစ်ခု ထပ်တိုးတရားစွဲ
 Photo - Handout/Facebook/ AFP

ဧပြီ ၁၂

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုတစ်ခု ထပ်တိုးပြီး တရားစွဲဆိုထားသည်ဟု သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို သဘာ၀ဘေး စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အောက်မှာ အမှုထပ်တိုး စွဲဆိုထားတာပါ” ဟု ၎င်း၏ ရှေ့နေ ဒေါ်မင်းမင်းစိုးက ဧပြီ ၁၂ ရက်တွင် အေအက်ဖ်ပီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းကို ယနေ့တွင် နေပြည်တော်ရှိ တရားရုံးတစ်ခုတွင် ဗီဒီယိုလင့်စနစ်ဖြင့် လုပ်ဆောင်ခဲ့ပြီး ထို စစ်ဆေးကြားနာမှုနောက်ပိုင်း ၎င်း၏ ရှေ့နေက အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

“သူ့ကို စွဲထားတာ ခုဆိုရင် အမှုက စုစုပေါင်း ခြောက်မှု ရှိပြီပေါ့၊ ငါးမှုက နေပြည်တော်မှာပါ၊ တစ်မှုကတော့ ရန်ကုန်မှာပါ” ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

နေပြည်တော်တွင် ထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မြင်ရသည်မှာ ကျန်းမာရေးကောင်းပုံရကြောင်း ဒေါ်မင်းမင်းစိုးက ပြောသွားခဲ့သည်။

လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားထိန်းသိမ်းခံ နိုင်ငံရေးသမားများ ပြန်လည်လွတ်မြောက်ရေးနှင့် ဒီမိုကရေစီစနစ် ပြန်လည်ရရှိရေး တောင်းဆိုသည့် နေ့စဥ်နှင့်အမျှ ပေါ်ပေါက်ထားခဲ့သော ဆန္ဒပြပွဲများသည် အကြမ်းဖက်ဖြိုခွင်းမှုများနှင့် ရင်ဆိုင်ကြုံတွေ့ထားခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့၀င်များက ရာဘာကျည်များ၊ ကျည်အစစ်များနှင့် လက်ပစ်ပုံများအထိ အသုံးပြုပြီး ဖြိုခွင်းမှုများ လုပ်ဆောင်ထားခဲ့သည်။

နိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၇၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ထုတ်ဖော်ချက်အရ သိရသည်။

 

(Zawgyi)

ေဒၚေအာင္ဆန္းစုၾကည္ကို အမႈတစ္ခု ထပ္တိုးတရားစြဲ

AFP

ဧၿပီ ၁၂

စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း ထိန္းသိမ္းခံထားရသည့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို အမႈတစ္ခု ထပ္တိုးၿပီး တရားစြဲဆိုထားသည္ဟု သိရသည္။

“ေဒၚေအာင္ဆန္းစုၾကည္ကို သဘာ၀ေဘး စီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ ေအာက္မွာ အမႈထပ္တိုး စြဲဆိုထားတာပါ” ဟု ၎၏ ေရွ႕ေန ေဒၚမင္းမင္းစိုးက ဧၿပီ ၁၂ ရက္တြင္ ေအအက္ဖ္ပီကို ေျပာသည္။

ေဒၚေအာင္ဆန္းစုၾကည္၏ ႐ုံးခ်ိန္းကို ယေန႔တြင္ ေနျပည္ေတာ္ရွိ တရား႐ုံးတစ္ခုတြင္ ဗီဒီယိုလင့္စနစ္ျဖင့္ လုပ္ေဆာင္ခဲ့ၿပီး ထို စစ္ေဆးၾကားနာမႈေနာက္ပိုင္း ၎၏ ေရွ႕ေနက အထက္ပါအတိုင္း ေျပာခဲ့ျခင္း ျဖစ္သည္။

“သူ႔ကို စြဲထားတာ ခုဆိုရင္ အမႈက စုစုေပါင္း ေျခာက္မႈ ရွိၿပီေပါ့၊ ငါးမႈက ေနျပည္ေတာ္မွာပါ၊ တစ္မႈကေတာ့ ရန္ကုန္မွာပါ” ဟု ေဒၚမင္းမင္းစိုးက ေျပာသည္။

ေနျပည္ေတာ္တြင္ ထိန္းသိမ္းခံထားရသည့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ျမင္ရသည္မွာ က်န္းမာေရးေကာင္းပုံရေၾကာင္း ေဒၚမင္းမင္းစိုးက ေျပာသြားခဲ့သည္။

လက္ရွိအခ်ိန္တြင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အျခားထိန္းသိမ္းခံ ႏိုင္ငံေရးသမားမ်ား ျပန္လည္လြတ္ေျမာက္ေရးႏွင့္ ဒီမိုကေရစီစနစ္ ျပန္လည္ရရွိေရး ေတာင္းဆိုသည့္ ေန႔စဥ္ႏွင့္အမွ် ေပၚေပါက္ထားခဲ့ေသာ ဆႏၵျပပြဲမ်ားသည္ အၾကမ္းဖက္ၿဖိဳခြင္းမႈမ်ားႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ထားခဲ့ရၿပီး လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက ရာဘာက်ည္မ်ား၊ က်ည္အစစ္မ်ားႏွင့္ လက္ပစ္ပုံမ်ားအထိ အသုံးျပဳၿပီး ၿဖိဳခြင္းမႈမ်ား လုပ္ေဆာင္ထားခဲ့သည္။

ႏိုင္ငံတြင္ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း အရပ္သား ၇၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီျဖစ္ေၾကာင္း ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း၏ ထုတ္ေဖာ္ခ်က္အရ သိရသည္။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly