တောင်တရုတ်ပင်လယ်၌ တင်းမာမှုမြင့်တက်နေစဥ် ဖိလစ်ပိုင်နှင့် အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မည်

တောင်တရုတ်ပင်လယ်၌ တင်းမာမှုမြင့်တက်နေစဥ် ဖိလစ်ပိုင်နှင့် အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မည်
Photo - Ted Al Jibe/ AFP

ဧပြီ ၁၂

ဖိလစ်ပိုင်နှင့် အမေရိကန်တို့သည် သီတင်းပတ်နှစ်ပတ်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်မည်ဖြစ်ပြီး ထိုစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်စစ်သား ရာနှင့်ချီ ပါ၀င်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် စစ်တပ်အကြီးအကဲက ဧပြီ ၁၁ ရက်တွင် ပြောသည်။

လက်ရှိ တောင်တရုတ်ပင်လယ်တွင် ပေကျင်းနှင့်အကြား တင်းမာမှုများ မြင့်တက်နေစဥ် ယခုကဲ့သို့ အမေရိကန်နှင့် ဖိလစ်ပိုင်တို့အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ခြင်း ဖြစ်သည်။

စစ်ရေး မဟာမိတ်နှစ်နိုင်ငံအကြား တစ်နှစ်တစ်ကြိမ် ကျင်းပသည့် စစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ဖျက်သိမ်းခဲ့ရသည်။

ယခုနှစ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကျန်းမာရေး အကျပ်အတည်းကြောင့် အရင်နှစ်များထက် အရွယ်အစားလျှော့ချ လေ့ကျင့်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် စစ်တပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး စီရီလီတို ဆိုဘီဂျာနာက အေအက်ဖ်ပီကို ပြောသည်။

ယခု ပူးတွဲစစ်ရေးလေ့ကျင့်မှု၌ အမေရိကန် စစ်သား ၇၀၀ ခန့်နှင့် ဖိလစ်ပိုင်စစ်တပ်မှ စစ်သား ၁,၃၀၀ ခန့် ပါ၀င်လေ့ကျင့်မည်ဖြစ်ကြောင်း ဆိုဘီဂျာနာက ပြောသည်။

ယင်းပမာဏသည် ပုံမှန် ပါ၀င်နေကျ အရေအတွက်၏ လေးပုံတစ်ပုံခန့် ဖြစ်ကြောင်း သိရသည်။

“ဒါကတော့ နှစ်နိုင်ငံ စစ်တပ်တွေအကြား မဟာမိတ်ဆိုင်ရာ ဆက်ဆံပတ်သက်မှုကို ဆက်လက်ထိန်းသိမ်းဖို့ ရည်ရွယ်တဲ့ ပူးတွဲလေ့ကျင့်မှုဖြစ်ပါတယ်” ဟု ဆိုဘီဂျာနာက ပြောသွားခဲ့သည်။

 

(Zawgyi)

ေတာင္တ႐ုတ္ပင္လယ္၌ တင္းမာမႈျမင့္တက္ေနစဥ္ ဖိလစ္ပိုင္ႏွင့္ အေမရိကန္ ပူးတြဲစစ္ေရးေလ့က်င့္မည္

AFP

ဧၿပီ ၁၂

ဖိလစ္ပိုင္ႏွင့္ အေမရိကန္တို႔သည္ သီတင္းပတ္ႏွစ္ပတ္ၾကာ ပူးတြဲစစ္ေရးေလ့က်င့္မႈ လုပ္ေဆာင္မည္ျဖစ္ၿပီး ထိုစစ္ေရးေလ့က်င့္မႈတြင္ အေမရိကန္စစ္သား ရာႏွင့္ခ်ီ ပါ၀င္မည္ျဖစ္ေၾကာင္း ဖိလစ္ပိုင္ စစ္တပ္အႀကီးအကဲက ဧၿပီ ၁၁ ရက္တြင္ ေျပာသည္။

လက္ရွိ ေတာင္တ႐ုတ္ပင္လယ္တြင္ ေပက်င္းႏွင့္အၾကား တင္းမာမႈမ်ား ျမင့္တက္ေနစဥ္ ယခုကဲ့သို႔ အေမရိကန္ႏွင့္ ဖိလစ္ပိုင္တို႔အၾကား ပူးတြဲစစ္ေရးေလ့က်င့္မႈျပဳလုပ္ျခင္း ျဖစ္သည္။

စစ္ေရး မဟာမိတ္ႏွစ္ႏိုင္ငံအၾကား တစ္ႏွစ္တစ္ႀကိမ္ က်င္းပသည့္ စစ္ေရးေလ့က်င့္မႈကို ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္က ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ျဖစ္ပြားမႈေၾကာင့္ ဖ်က္သိမ္းခဲ့ရသည္။

ယခုႏွစ္ ပူးတြဲစစ္ေရးေလ့က်င့္မႈကို က်န္းမာေရး အက်ပ္အတည္းေၾကာင့္ အရင္ႏွစ္မ်ားထက္ အ႐ြယ္အစားေလွ်ာ့ခ် ေလ့က်င့္မည္ျဖစ္ေၾကာင္း ဖိလစ္ပိုင္ စစ္တပ္အႀကီးအကဲ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စီရီလီတို ဆိုဘီဂ်ာနာက ေအအက္ဖ္ပီကို ေျပာသည္။

ယခု ပူးတြဲစစ္ေရးေလ့က်င့္မႈ၌ အေမရိကန္ စစ္သား ၇၀၀ ခန႔္ႏွင့္ ဖိလစ္ပိုင္စစ္တပ္မွ စစ္သား ၁,၃၀၀ ခန႔္ ပါ၀င္ေလ့က်င့္မည္ျဖစ္ေၾကာင္း ဆိုဘီဂ်ာနာက ေျပာသည္။

ယင္းပမာဏသည္ ပုံမွန္ ပါ၀င္ေနက် အေရအတြက္၏ ေလးပုံတစ္ပုံခန႔္ ျဖစ္ေၾကာင္း သိရသည္။

“ဒါကေတာ့ ႏွစ္ႏိုင္ငံ စစ္တပ္ေတြအၾကား မဟာမိတ္ဆိုင္ရာ ဆက္ဆံပတ္သက္မႈကို ဆက္လက္ထိန္းသိမ္းဖို႔ ရည္႐ြယ္တဲ့ ပူးတြဲေလ့က်င့္မႈျဖစ္ပါတယ္” ဟု ဆိုဘီဂ်ာနာက ေျပာသြားခဲ့သည္။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly