ထိုင်းနိုင်ငံကို တရားမဝင်လာရောက်သည့် မြန်မာနိုင်ငံသား ၅၉ ဦးကို ထိုင်း အာဏာပိုင်များက ဒီကနေ ဖမ်းဆီးလိုက်သည်

ထိုင်းနိုင်ငံကို တရားမဝင်လာရောက်သည့် မြန်မာနိုင်ငံသား ၅၉ ဦးကို ထိုင်း အာဏာပိုင်များက ဒီကနေ ဖမ်းဆီးလိုက်သည်
Photo - Mono29News

ထိုင်းနိုင်ငံကို တရားမဝင်လာရောက်သည့် မြန်မာနိုင်ငံသား ၅၉ ဦးကို ထိုင်း အာဏာပိုင်များက ဒီကနေ ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူများထဲတွင် အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၂၇ ဦးနှင့် ကလေးငယ် ၂ ဦး ပါဝင်ကြောင်း ထိုင်းဘာသာဖြင့်ရေး သားထားသည့် Mono29 သတင်း အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ယနေ့ ရေးသားထးသည်။

ကရင်ပြည်နယ် ကော့ကရိတ် ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဘုရားသုံးဆူနယ်စပ်မှ တဆင့် ထိုင်းနိုင်ငံ ဆန်ခဘူရီမြို့ နယ်သို့ လမ်းပြဖြင့် ရောက်ရှိလာကြပြီး လမ်းခုလပ်တစ်နေရာတွင် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသားများကို ခေါ်ဆောင်လာသည့် လမ်းပြနှင့် ပွဲစားများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဘုရားသုံးဆူမြို့သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပါဝင်သည့် မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ ဖြစ်ပြီး ထိုင်းနိုင်ငံ ဆန်ခပူရီခရိုင်နှင့် နယ်နမိတ်ချင်း ထိစပ်နေသော နယ်စပ်မြို့လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly