သေဒဏ်ချမှတ် ခံထားသူ၏ အမေနှင့် ဆက်သွယ်မေးမြန်းချက်(အသံ)

သေဒဏ်ချမှတ် ခံထားသူ၏ အမေနှင့် ဆက်သွယ်မေးမြန်းချက်(အသံ)

သေဒဏ်ချမှတ် ခံထားသူ၏ အမေနှင့် ဆက်သွယ်မေးမြန်းချက်

************************

ဧပြီ ၉ ရက်နေ့ညပိုင်းက စစ်ကောင်စီရဲ့ အာဘော်ရုပ်သံမီဒီယာမှာ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်မှာနေထိုင်တဲ့ ကိုဘိုဘိုသူအပါအဝင် နှစ်ဦးကို သေဒဏ်ချမှတ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ အကြောင်းက‌တော့ မတ်လ ၂၇ ရက်နေ့ ညနေ ၃နာရီအချိန်ခန့်မှာ မြောက်ဥက္ကလာပမြို့နယ်မှာနေတဲ့ လူ ၁၉ ဦး က အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်၂ ယောက် စီးနင်းလာတဲ့ ဆိုင်ကယ်နှစ်စီး နှင့်အတူ ပစ္စတိုသေနတ်တစ်လက် ၊ စကားပြောစက်တစ်လုံးတို့ကို ယူဆောင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်ခဲ့တာကြောင့်လို့ဆိုပါတယ်။ ဒါကြောင့် သူတို့ ၁၉ ဦးကို အကြမ်းဖက်စစ်ကောင်စီက အရေးပေါ်ကာလအတွင်း ဓားပြမှုအပြင် လူသတ်မှုပါ ကျူးလွန်သည့်ဟုဆိုကာ စစ်အုပ်ချုပ်ရေးမာရှယ်လော စစ်ခုံရုံးဖွဲ့ ၍ ရာဇသတ်ကြီး ၃၉၆/၃၉၇ တို့ဖြင့် ဧပြီလ ၈ ရက်နေ့တွင် သေဒဏ်ချမှတ်လိုက်ကြောင်း ကြေငြာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကိုဘိုဘိုသူဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်တဲ့နေရာမှာ ပါဝင်ခဲ့တာမရှိဘူးလို့ သူ့အမေဖြစ်သူကပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုဘိုဘိုသူရဲ့ အမေဖြစ်သူကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly